သူစေညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၃၁)
လွမ်းဘိုလက်ထဲကို စန်အေးရီဆိုသည့်အမျိုးသမီးကို ထည့်ခဲ့ပြီး နောက်နေ့မှ အကျိုးအကြောင်းမေးကြည့်သည့်အခါ လွမ်းဘိုက ခေါင်းခါလေသည်။
"ဘာမှ အကူညီမတောင်းဘူးလား။"
"ဟုတ်တယ် ကိုမင်း။ ဘာမှမပြောတော့ဘူးဆိုပြီး လှည့်ပြန်သွားတယ်။"
သူ့ဆီကိုတော့ အကူညီတောင်းစရာရှိသည်ဟုဆိုကာ ရောက်လာသည်။ လွမ်းဘိုကိုတော့ ဘာမှမပြောဘဲ ပြန်သွား၍ သူဘဝင်မကျမိသော်လည်း ထားထားလိုက်၏။
"မနေ့က အလုပ်သမားတွေထဲ အခြေအနေစောင့်ကြည့်တာ အခြေအနေဘယ်လိုရှိလဲ။"
"ညသမားတွေက သိပ်တော့ မသင်္ကာစရာဘဲ ကိုမင်း"
"ဘယ်လိုမျိုးလဲ"
"ညဘက်ကို ပစ္စည်းထုတ်တာပိုများနေတယ်။ နောက်ပြီး ပစ္စည်းတွေစောင့်တဲ့ အဘကလည်းအိပ်ပျော်နေတော့ သူတို့စိတ်တိုင်းကျထုတ်နေတယ်။ ကိုမင်း သေချာသွားပြောမှရလိမ့်မယ်။"
"နေပါစေ...နောက်မှ ပြောမယ်။ စာရင်းတိုက်ပြီးမှ သေချာ ချက်နဲ့လက်နဲ့ပြောရမယ်"
"ဟုတ်ကိုမင်း...."
ပန်းရံဆရာအဖြစ်လုပ်စဉ်က ဘိလပ်မြေလေး သံလက်ပေါ်တင် အုတ်ခဲကိုကိုင် ထိုင်ပြီးစီလိုက်ယုံသာ။ ဘာမှ သိပ်ပြီးမစဉ်းစားရပေ။ ကန်ထရိုက်လုပ်သည့်အခါ ခြေစခေါင်းဆုံး အကုန်လုံးကြည့်ရသလို ပန်းရံလူလည်တွေကိုလည်း သေချာကြည့်နေရသည်။ သစ္စာရှိသူက ရှိပေမဲ့ မရှိဘဲ တစ်နပ်စားညဏ်လုပ်ကြသည်ကလည်း ရှိနေကြသည်။ ထို့ကြောင့် လုပ်ငန်းလုပ်လာလေ သူ့မှာ မျက်စိဒေါက်ထောက်ကြည့်ရလေဖြစ်သည်။
"ဆရာ...."
ဆိုက်ထဲမှာ ပတ်ကြည့်နေတုန်း ညကအမျိုးသမီး ထပ်ရောက်လာပြန်သည်။ သူ အလိုမကျစွာကြည့်လိုက်မိသည်။ ထိုအခါ သူမက မျက်နှာငယ်လေးဖြင့် ခေါင်းငုံ့သွား၏။
"ဘာကိစ္စလဲ...."
"ဟို....ကျွန်မ အကူညီလေးတောင်းချင်လို့ပါဆရာ။"
"ညကတည်းက ကျွန်တော့ညီကို ဘာလို့တစ်ခါထဲ မပြောလိုက်သလဲ"
သူကလည်း အညာသားပီပီ စကားကိုဒဲ့ပြော ဒဲ့မေးလိုက်၏။ ထိုအခါ စန်အေးရီဆိုသည့်အမျိုးသမီးက မျက်နှာကလေး ပြန်မော့လာသည်။ ဘေးဘီကိုကြည့်ကာ....
VOUS LISEZ
သူစေညွှန်ရာ ဦးညွှတ်စေ
Roman d'amourကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...