သူစေညွှန်ရာ ဦးညွှတ်စေ(အပိုင်း ၅)
သူ့ကို ရိုးလို့ ရွေးချယ်ခဲ့သည့် မိန်းမတစ်ယောက်ကို သူကတော့ ချစ်မြတ်နိုးလို့ လက်ထပ်ဖို့ထိ ဖြစ်လာခဲ့လေသည်။ ခင်မြတ်တင့်၏ အကြောင်းကို သူသိသည်မှာ ငွေရှာတော်သည်၊ လူရည်လည်သည်၊ နောက်ပြီး အတော်လေးလှ၏။ ထိုမျှသာ ဖြစ်လေသည်။ ကျန်သည့်အကြောင်းတွေကတော့ တောင်းရမ်းမှ သိခဲ့ခြင်းပင်။ ထို့အတူ သူ့ကို ရိုး၍ ရွေးချယ်ခဲ့ပါသည်ဟု ဆိုသည့် ခင်မြတ်တင့်ကလည်း သူ့အကြောင်း ဘာမှသိခဲ့ပုံ မပေါ်ပေ။
"ဟင်...မောင့်နာမည်အနောက်မှာ ဘာမှမထည့်တော့ဘူးလား"
ဖိတ်စာကို အကြမ်းရေးသည့်အခါ ခင်မြတ်တင့်က အံ့ဩတကြီး မဟုတ်သော်လည်း ထူးဆန်းသလို မေးလာလေသည်။
"ဘာထည့်ရမှာလဲတင့်ရဲ့"
"ဒီမှာလေ..တင့်တောင် သင်္ချာဆိုပြီးထည့်ထားတယ်။ မောင် ဘာနဲ့ကျောင်းပြီးထားလဲ။ ထည့်လေ"
သူ ခင်မြတ်တင့်ကို ဘာမှမပြောဘဲ ထူးဆန်းသလို စိုက်ကြည့်နေမိသည်။
"မောင် ခုနှစ်တန်းထိပဲ ကျောင်းနေရတာကို ထည့်ပေးဖို့လိုသေးလို့လား"
"ဘယ်လို ခုနှစ်တန်းဟုတ်လားမောင်"
"ရွာမှာ ခုနှစ်တန်းထိ ကျောင်းနေရတဲ့သူ လက်ချိုးရေရင် လက်သုံးချောင်းမပြည့်ဘူး။ အဲ့ထဲမှာ မောင်ပါနေတာကို တင့်ဂုဏ်ယူသင့်တယ်။ အခုခေတ်ကလေးတွေတော့ ဆယ်တန်းအောင်မှာပေါ့"
ခင်မြတ်တင့်က ဘာမှ ပြန်မပြောဘဲ ငြိမ်သက်သွားသည်။ သက်ပြင်းအကြိမ်ကြိမ်ချကာ သူ့ဖြစ်တည်မှုကို လက်မခံလို့ မရသည့်အနေထားမို့ လက်ခံဖို့ ဆုံးဖြတ်လိုက်ပုံရလေသည်။
"တင့်က မောင့်ကို ဘွဲ့ရလို့ ထင်နေတာလား"
ပြန်မဖြေပေမဲ့ သူ မေးသလို ထင်နေခဲ့မှာ သေချာလေသည်။
"တကယ်ဆို တင့်လောက် လူရည်လည်တာ တင့်ပဲရှိတယ်။ မောင့်အကြောင်းကို တင့် မသိစရာတော့မရှိဘူးထင်တာပဲ"
"သိရတဲ့ အကြောင်းတွေထဲမှာ မောင်က ရိုးသားတယ်၊ အေးတယ်၊ စကားနည်းတယ်၊ အလုပ်ကြိုးစားတယ်ဆိုတာအပြင် ကျန်တာတော့ တင့်လည်း ဘယ်သိမလဲမောင်"
VOCÊ ESTÁ LENDO
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...