သူစေညွှန်ရာ ဦးညွတ်စေ(အပိုင်း ၆)
မင်းသုတကျော် ဆိုသည့် ယောက်ျားဘညာကာင်လည်းဟု မေးစရာမလိုဘဲ ခင်မြတ်တင့်ကို သိအောင်ပြလိုက်ပေမဲ့ ခင်မြတ်တင့်က ရယ်လေသည်။ ခင်မြတ်တင့်က ဒေါသထွက်လျှင် လက်ပါပေမဲ့ သူကတော့ ဒေါသထွက်လျှင် ခင်မြတ်တင့် တစ်ကိုယ်လုံးကို သိမ်းကြုံးဖက်ပြီး ကောင်းကောင်းအပြစ်ပေးလိုက်၏။
သူအပြစ်ပေးလို့ ပွဲမသွားလိုက်ရပေမဲ့ ခင်မြတ်တင့်က ပြုံးတုံ့တုံ့ရယ်လေသည်။
"မောင်တို့များနော်...မပြောချင်ဘူး"
မျက်စောင်းလေးက အဆစ်ပါသေး၏။
"ဘာလဲ နောက်ခါ မောင့်ကိုဒေါသထွက်အောင် လုပ်ချင်သေးလို့လား။"
"မလုပ်တော့ပါဘူးရှင်။ ကြောက်ပါရဲ့"
ခင်မြတ်တင့်က မျက်နှာပေးလေးနှင့် လှောင်လေသည်။ သူခပ်တည်တည်သာ မျက်နှာထားထားပေမဲ့ မရပေ။ ခင်မြတ်တင့်ကို သူက ချစ်လွန်း၍ ယူထားသည်မို့ ခင်မြတ်တင့် ဘာလုပ်ပြပြ သူ့မျက်လုံးထဲ ချစ်ဖို့ကောင်းပါလေသည်။
"တင့်...မောင်တို့ ဘယ်တော့ ကလေးယူကြမလဲ"
သူ့မေးခွန်းကို ခင်မြတ်တင့်က ရုတ်တရက်မို့ စဉ်းစားသွားလေသည်။
"ဘာလဲ...တင့် မယူချင်သေးလို့လား"
"မဟုတ်ပါဘူး။ မောင်ဘာလို့ မေးတာလဲစဉ်းစားနေတာ"
"ဪ...ဖြစ်ရတယ် တင့်ရယ်"
"အိမ်ထောင်ကျတာလည်း မကြာသေးတော့ မယူသေးပါဘူးလေ"
ခင်မြတ်တင့်က ခပ်တိုးတိုးရေရွတ်ရင်း ပြန်ဖြေ၏။ သူအလိုမကျတော့ ဖြစ်မိလေသည်။
"မောင်နဲ့တွဲတုန်းကကြတော့ တင့်က လက်ထက်ဖို့ချက်ချင်းပြောပြီး လက်ထပ်ပြီး ကလေးယူဖို့ကြမှ စဉ်းစားဦးမှာလား။"
"စဉ်းစားရမှာပေါ့။ အခုမှ အိမ်ငှားဘဝပဲ ရှိသေးတာ။ ကိုယ်ပိုင်အိမ်လေးနဲ့ ဘာလေးနဲ့ဖြစ်မှ ယူကြတာပေါ့။"
"နေပါဦးတင့်...မောင်တို့ကလေးကိုပါ တင့်က တင့်ပစ္စည်းတွေထိမှာ ကြောက်နေတာလား"

YOU ARE READING
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...