part 10

3K 79 1
                                    

သူစေညွှန်ရာ ဦးညွှတ်စေ(အပိုင်း ၁၀)

ခင်မြတ်တင့် ဆေးရုံက ဆင်းသည်ထိ သူနှင့် စိမ့်စိမ့်တို့ အစအဆုံးကူညီပေးခဲ့သည်။ ခင်မြတ်တင့်ကို အိမ်အထိရောက်ပို့ပေးပြီးသည်ထိ လုပ်ကိုင်ပေးခဲ့၏။ ဆေးရုံတက်ရသည့် အရှိန်ဖြဂ့် ခင်မြတ်တင့်က အတော်လေးပိန်သွား၏။ မခင်မြတ်မူကပင် ညီမဖြစ်သူအတွက် စိတ်မကောင်းဖြစ်နေလေသည်။

သူပြန်ပြီ အထင်နှင့် မခင်မြတ်မူက ခင်မြတ်တင့်ကို နားချလေသည်။

"တင့်ရယ် ...ကိုမင်းက လူကောင်းလေးပါဟယ်။ နင့်ဒဏ်ကို သူပဲခံနိုင်မှာ။ ပြန်ပေါင်းပါလားကွယ်"

ခင်မြတ်တင့်က ဘာမှပြန်မဖြေပေ။

"နင့်မှာ အခု ခြေထောက်ကလည်း အရင်လို ကောင်းကောင်းမွန်မွန်မဟုတ်ဘူး။ ဂျိုင်းထောက်နဲ့ ဘယ်နှစ်လ ဘယ်နှစ်နှစ်ကြာဦးမှာလဲ မသိ။ ဘေးနားမှာ ကူဖော်လောင်ဖက်လိုတယ်"

"စိမ့်စိမ့်ရှိတယ်..."

"စိမ့်စိမ့်ကရော ဘယ်သူမို့လို့လဲ။ ကိုမင်းညီမပဲ မဟုတ်ဘူးလား။ အစ်ကိုနဲ့ကွာရှင်းပြီး ညီမဖြစ်သူနဲ့ကြတော့ မကင်းမကင်းနဲ့။ ရေရှည်မှာ စိမ့်စိမ့်က နင့်ကို အစအဆုံးလုပ်ပေးနိုင်မယ်ထင်လို့လား။"

"စိမ့်က လိမ္မာပါတယ်။ မခင်မြတ်မူသာ ပြန်စရာရှိတာ ပြန်ပါ။ တင့်အတွက် စိတ်မပူနဲ့"

အရင်လို လူကောင်းပကတိမဟုတ်၍ ခင်မြတ်တင့်ဟာ သူ့ကိုယ်သူ အားမရဖြစ်ပြီး စိတ်ဆက်နေလေသည်။ မခင်မြတ်မူကလည်း မိတ္ထီလာကို မပြန်လို့ မဖြစ်၍ ပြန်ရတော့မည်ဖြစ်သည်။ ခင်မြတ်တင့်အနားမှာ ဘယ်သူမှ မရှိသည်ကို စိတ်မချဖြစ်နေလေသည်။

"ငါပြောတာကိုပဲ စဉ်းစားပါတင့်ရယ်။ ကိုမင်းနဲ့ပြန်ပေါင်းပါလားဟယ်။"

"သူကမှ မပေါင်းချင်လို့ ကွာရှင်းခိုင်းခဲ့တာကို တင့်က ခယပြီး ပြန်ပေါင်းဖို့ ပြောရမှာလား"

"အဲ့လို ကွာရှင်းအောင် တင့်က လုပ်ခဲ့တာပဲ မဟုတ်ဘူးလား"

"မခင်မြတ်မူ...တင့်က ညီမအရင်းပါ။ ဘာလို့ သူ့ဘက်က ကာပြောနေတာလဲ"

သူစေညွှန်ရာ ဦးညွှတ်စေWhere stories live. Discover now