part 8

2.7K 77 4
                                    

သူစေညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၈)

ရွာကနေ သူ့မိသားစုလိုက် ပြောင်းလာမည့်ကိစ္စသည် အစကတည်းက မလွယ်ကူမှန်းသိပေမဲ့ ထိုမျှထိ ခက်ခဲမည်လည်း မထင်ခဲ့ပေ။ ခင်မြတ်တင့်က ပြောင်းလာပါဆို၍ သူ့တစ်မိသားစုလုံးက ပြောင်းလာရပေမဲ့ ဘယ်ကိုပြောင်းရမှန်း တစ်ခုမှ မစီစဉ်ထားရပေ။ ပြောင်းလာခိုင်းသည့် ခင်မြတ်တင့်ကလည်း တစ်ရက်မှ အိမ်မှာမရှိ၍ သူ့မိဘနှစ်ပါးနှင့် ညီမဖြစ်သူနေဖို့ အိမ်ကို သူကိုယ်တိုင် လိုက်ရှာပေးရ၏။

သူတို့နှင့် တစ်လမ်းထဲမှာပဲ အိမ်တစ်လုံးရသည်။ အစစအရာရာသူကပဲ အားလုံးစီစဉ်ပေးရသည်။ တောသူတောင်သားဖြစ်ကြသည့် မိဘများက ရန်ကုန်က ခြံကျဉ်းကျဉ်းမှာ နေရသည်ကို ဘဝင်မကျသော်လည်း ဘာမှမပြောပေ။ ချွေးမဖြစ်သူက အနားလာနေပါဆို၍ လာနေပေးကြ၏။ အဖေကတော့ မပျော်ပေ။ အမေတို့သားမိနှစ်ယောက်ကို မြို့မှာထားရစ်ခဲ့ပြီး ပြန်သွားလေသည်။

တောမှာ အလုပ်ပြန်လုပ်နေသည်က စိတ်ချမ်းသာသည်ဟု ဆိုလေသည်။

"တင့်...အမေတို့အိမ်ကို သွားရအောင်"

ခင်မြတ်တင့် အပြင်ကနေပြန်လာသည့်အချိန် သူပြောလိုက်၏။ ခင်မြတ်တင့်က ခေါင်းတချက်ညိတ်ကာ ရေမိုးချိုးသည်။ ထို့နောက် နှစ်ယောက်အတူ အမေတို့အိမ်သွားသည့်အခါ သူနှင့်သာ စကားပြောလျှင် ဘုကလန့်နိုင်သည့် ခင်မြတ်တင့်သည် အမေနှင့်စိမ့်စိမ့်ကိုတော့ စကားပြောချိုလေသည်။ လေပေးလေယူဖြောင့်နေ၏။

"အမေတို့ရန်ကုန်ပြောင်းလာတာ တင့်ကတော့ သိပ်အားရှိတာပဲ။ အနီးအနားမှာ ဆွေမျိုးကလည်း မရှိဘူးလေ။ စိမ့်ကလည်း အနားရှိပြီဆိုတော့ တင့်အဖော်ရပြီ"

"စိမ့်တို့အိမ်မှာ လာပေါင်းနေလေ မမတင့်"

"အဟွန်း...နေချင်တာပေါ့ စိမ့်ရဲ့။ ဒါပေမဲ့ အိမ်ထောင်ကျတာ တစ်နှစ်ကျော်ပဲ ရှိသေးတော့ ယောက်ျားနားကပ်ချင်သေးတယ်။ ရှင်က အပျိုလေးဆိုတော့ အမြင်မတော်မှာစိုးလို့ရှင့်။ ဟုတ်တယ်မလား အမေ"

"ဟုတ်ပ ဟုတ်ပ"

ခင်မြတ်တင့်က အမေ့ကိုပါ စစ်ကူခေါ်လိုက်သေး၏။ အမေကလည်း တောသူတောင်သား ရှေးဘူကြီးပီပီ လင်ရယ်မယားရယ် အနေအထိုင်မတတ်တာတွေကို သဘောကျမှာမဟုတ်။ ခင်မြတ်တင့်ပြောသလို သူလည်း အိမ်တော့ ပေါင်းမနေချင်သေးတယ်။ သူက မိန်းမအနားကိုကပ်ချင်သေးသည်။ ထို့အပြင် ခင်မြတ်တင့် ဒေါသထွက်လို့ သူအပြောခံရတာတွေကိုလည်း မိသားစုကို မသိစေချင်ပေ။ သမီးယောက္ခမ ဆက်ဆံရေး ကောင်းနေတာကိုပဲ မြင်ချင်သည်။

သူစေညွှန်ရာ ဦးညွှတ်စေTempat cerita menjadi hidup. Temukan sekarang