သူစေညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၂၁)
အလုပ်တွေ အဆင်ပြေပြေ ပြီးထား၍ နောက်ထပ် အလုပ်ကောင်းကောင်းကို မျက်ခြေမပြတ်သူစောင့်နေမိသည်။ ကြွေပ့ားကပ်ကို အပြတ်ရသည်မှာ သွက်ခြေကိုက်၍ နောက်ထပ်အပြတ်ရမည့် အလုပ်များကိုလည်း ရရင်ပေးဖို့ ဦးနေဆီမှာ သူ ကပ်နေမိသည်။ ဦးနေတို့ လင်မယားနှစ်ယောက်လုံးကလည အတော်လေးသဘောကောင်းသလို အလုပ်ကို ခွဲပေးဖို့လည်း လက်မတွန့်ပေ။
အပြတ်ရမည့် အလုပ်တွေ မရှိခင် ဦးနေတို့ဆီမှာပဲ နေ့စားလိုက်ဆင်းပြီး အလုပ်နဲ့လက်ကိုတေယ့ အပြတ်မခံနိုင်ပေ။ တစ်နေ့တစ်နေ့ အလုပ်ကို အချိန်မှန်ရောက်လွန်းသည့် သူ့ကို အလုပ်ကြမ်းပိုးဟုပင် စနောက်လာကြ၏။
"ကိုမင်း...ပိုက်ဆံတွေသည်းကြီးမဲကြီး ရှာနေတာ။ ဘာလဲ။ ငိုစား ရယ်စားမယ့်သူ ရှိနေပြီလား"
လွမ်းဘိုက ပန်းလှီးရင်းနောက်သည့်အခါ သူပြုံးလိုက်မိ၏။
"ရရင်တော့ လိုချင်တာပေါ့"
"အစ်မကို ကြိုးစားခိုင်းလေ"
"မင်းအစ်မ နေမကောင်းသေးလို့"
လွမ်းဘိုက သူ့ကို တစ်ချက်လှမ်းကြည့်ကာ ငြိမ်သွား၏။ ပြီးမှ ပန်းဆက်လှီးကာ....
"အစ်မကို ဆေးရုံပြန်မပြသေးဘူးလားကိုမင်း"
"ပြတော့ ပြဖြစ်ပါတယ်။ မြန်မြန်တော့ မကောင်းနိုင်ဘူးလေ။ ဖြည်းဖြည်းပေါ့။"
"အစ်မလည်း မြန်မြန်နေကောင်းမှပဲ။ မဟုတ်ရင် ကိုမင်း ညစာနေ့တိုင်းငတ်နေတာ သနားပါတယ်...ဟဲဟဲ"
လွမ်းဘိုက နောက်သည့်အခါ ကျော်ဆွေလည်း ဘေးကနေရယ်လေသည်။ နှစ်ယောက်သားသူ့ကို ပြုံစိစိဖြင့် နောက်နေသည်ကို သူလည်း ပြုံးပြီးသားနားထောင်လိုက်၏။ ဒီကောင်တွေ ပေါက်ကရပြောလွန်းသည်။ သူတို့လင်မယားအကြောင်းကို သူတို့လင်မယားသာ အသိဆုံးဖြစ်၏။ အများအမြင်မှာ သူ့ပုံစံက သနားစရာကောင်းသလို ဖြစ်နေလျှင် ဖြစ်နေပါစေတော့။
"ကိုမင်း...ညနေ အိမ်ကိုနောက်ကျမှ ပြန်လို့ဖြစ်လား"
"ဘာလုပ်ဖို့လဲ"

YOU ARE READING
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...