သူစေညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၁၈)
အဆင်ပြန်ပြေကာစ အချိန်၌ မိုးလင်းအိပ်ရာထသည်ကိုပင် ပါးလေးနမ်း၍ သူက ထလေသည်။ တင့်မျက်လုံးဖွင့်ကြည့်တော့ ခပ်တည်တည် ကြည့်နေ၏။ အရင်ကလို တီတီတာတာ မပြောပေမဲ့ တင့်ကိုချစ်တာကို သိနေပြီးသားမို့ တင့်လည်း ထွေထူး၍ မပြောနေတော့သလို ခံလည်းမခံစားတော့ပေ။
"နိုးပြီလား..."
"အင်း...."
"ကျွန်တော်နဲ့ တစ်ခါထဲ မျက်နှာသစ်မလား။"
"မောင်အလုပ်နောက်ကျနေဦးမယ်။"
"ရတယ်....ထ....အတူသွားသစ်မယ်"
"အင်း...."
သူက ထူပေးသည့်အခါ တင့်မှာဖြည်းဖြည်းချင်းထပြီး အတူလိုက်လာလိုက်၏။ စိမ့်စိမ့်မှာ အရင်က သူတို့လင်မယားထက် ကြိုပြီးနိုးတတ်ပေမဲ့ ဒီနေ့တော့ နိုးမနေပေ။
"စိမ့် မနိုးသေးဘူးနဲ့တူတယ်။ ထမင်းချိုင့် ဘယ်လိုလုပ်မလဲမောင်"
"ရတယ်...ချက်လိုက်မယ်"
မျက်နှာအတူတူသစ်ဖို့ ထွက်လာပြီးမှ စိမ့်စိမ့်မနိုးသေး၍ မင်းသုတကျော်မှာ ထမင်းအိုးကို အရင်တည်လိုက်ရသည်။ မီးလာနေ၍ တော်သေး၏။ ထမင်းပလပ်ပေါက်ထိုးပြီး ဟင်းချက်ဖို့ကြည့်တော့ အိမ်မှာ ဘာမှရှိမနေပေ။
"ဟင်းချက်ဖို့ သွားဝယ်လိုက်ဦးမယ်။ တင့် မနက်စာဘာစားမလဲ"
"မောင်စားချင်တာပဲ ဝယ်လာခဲ့လိုက်။ အတူတူစားမယ်"
သူခေါင်းတစ်ချက်ညိတ်ပြီး အမြန်ထွက်လာခဲ့လိုက်၏။ အိမ်နားက ဈေးဆိုင်မှာ ကြက်ဥနဲ့ ခေါက်ဆွဲပြုတ်နှစ်ထုတ်သာ ဝယ်လာခဲ့လိုက်သည်။
"အမိ မနိုးသေးဘူးလား"
သူအိမ်ပြန်လာတော့ ထပ်မေးကြည့်သည်။ တင့်က ခေါင်းခါလ်ုက်၏။
"ညက အိပ်တာနောက်ကျလို့ထင်တယ်။ "
"ဟုတ်မှာပေါ့ မောင်ရယ်။ တစ်ရက်တလေ အိပ်ပါစေ။ ခေါက်ဆွဲပြုတ်မှာလား။ တင့်ပြုတ်ပေးမယ်။ မောင်မျက်နှာသွားသစ်".
"ရတယ်...ကိုယ့်ဘာသာပြုတ်မယ်။ ဘာမှကြာတာမဟုတ်ဘူး။ "
ခေါက်ဆွဲမပြုတ်ခင် သူက မျက်နှာအမြန်သွားသစ်ပြီး တင့်ကိုလည်း မျက်နှာသစ်ဖို့လုပ်ပေး၏။ အကုန်လုံး သူ့ခြေသူ့လက် လုပ်ကိုင်သွားသည်။ မနက်စာကို ခေါက်ဆွဲပြုတ်စားနေသည့်အခါ တင့်မှာ သူ့ကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရ၏။ အရင်က တင့် အတွက်ဆိုအပြီး အမြဲတမ်း မနက်စာကစလို့ ညစာအဆုံး ဖွယ်ဖွယါရာရာချက်ပြုတ်ကျွေးခဲ့သည့် ယောက်ျားကို တင့်အလှည့်၌ ဘာမှမလုပ်ပေးနိုင်၍ ရင်ထဲမကောင်းပေ။
YOU ARE READING
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...