သူစေညွှန်ရာ ဦးညွှန့်စေ (အပိုင်း ၃၄)
တင့်ခြေထောက်တွေကို သေချာပြန်ကုသသည့်အချိန်တွင်း အမေနှင့်အဖေလည်း ရွာမပြန်ဖြစ်ပေ။ ပထမတစ်ခါလို ထပ်ဖြစ်မည်စိုး၍ သူအလုပ်သွားသည့်အချိန်ဆိုလျှင် တင့်ဘေးမှာ နေပေးကြသည်။ မီးလောင်သည့်အိမ်ကို ပြန်ပြင်ဆင်ပြီး၍ သူတို့ ထိာအိမ်မှာပင်ပြန်ပြောင်းနေခဲ့ကြသည်။ တင့်အိမ်ကိုတော့ အရင်တိုင်းပင် ထားထားလေသည်။
သူအလုပ်တွေ တောက်လျှောက်အဆင်ပြေလာသလို တင့်ခြေထောက်လည်း ခြောက်လကျော်အတွင်း အရင်ကထက်အများကြီးသက်သာလာလေသည်။ ထိုအခါ ဆရာဝန်နှင့် နောက်တစ်ခေါက်ပြန်ပြရင်း သူတို့ကလေးယူမည့်ကိစ္စကိုပါ သွားတိုင်ပင်ဖြစ်သည်။ သို့သော် မထင်မှတ်ထားသည့် ရလဒ်ကြောင့် တင့်က စိတ်အတော်ထိခိုက်သွားလေသည်။
"ကားအက်ဆီးဒင့်ဖြစ်ခဲ့တုန်းက ဒဏ်ကြောင့် ကလေးရဖို့က မလိုဘူး။ နောက်ပြီး အသက်အရွယ်အားဖြင့်လည်း သားအိမ်က အားနည်းတဲ့အပိုင်းကို ရောက်နေတော့ ချက်ချင်းကလေးရဖို့မလိုဘူး။ အချိန်တစ်ခုတော့ သေချာစောင့်ဖို့လိုအပ်တယ်။ ဒါမှမဟုတ် ဘန်ကောက်ဆေးရုံမှာ သေချာကုသမှုသွားရင်လည်း မြန်မြန်ပြန်ကောင်းနိုင်ခြေရှိတယ်။"
"ကလေးက အရှင်းမရနိုင်တာလားဆရာ"
"လောလောဆယ် ဆေးအရှိန်တွေကြောင့်ရယ် သားအိမ်အားနည်းနေတာရယ်ကြောင့်ပါ။ အရှင်းမရနိုင်ဘူးလို့ မဟုတ်ပါဘူး။"
ဆရာဝန်ကြီးက သူတို့ကို စိတ်ချမ်းသာအောင်လို့ မရနိုင်တာမဟုတ်ဘူးလို့ ပြောသည်ပဲ တင့်ကစိတ်စွဲနေသည်။ သူ့ကိုယ်သူကလေးမရနိုင်တော့ဘူးဟုဆိုကာ အပြန်၌ တစ်လမ်းလုံးငိုလေသည်။
"တင့်မကောင်းခဲ့တာ။ မောင်က ကလေးယူမယ်လို့ပြောကတည်းက ကလေးယူခဲ့ရင်အခုလိုဖြစ်မှာမဟုတ်ဘူး။ အခုတော့...အခုတော့...."
တက်ဆီပေါ်မှာ တင့်က တစ်ရှိုက်ရှိုက်ငိုလေသည်။ သူချော့ပေမဲ့လည်း မရပေ။
"ကလေးမရနိုင်ဘူးလို့ ဆရာဝန်ကြီးက မပြောပါဘူးတင့်ရယ်။ မောင်တို့ကြိုးစားရင်ရမှာပါ။"
YOU ARE READING
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...