part 26

1.1K 42 0
                                    

သူစေညွှန်ရာ ဦးညွှတ်စေ (အပိုင်း ၂၆)

အုန်းချောမှာ အလုပ်လုပ်နေသည့်ကာလအတွင်း တင့်က သူ့ကို စကားလုံးဝမပြောတော့ပေ။ သူကလည်း ထွေထူးပြီး တင့်ကိုပြန်မချော့။ ထို့ကြာင့် တစ်နေရာထဲ အတူရှိနေသော်လည်း နှစ်ယောက်က ဝေးကွာနေသလို ဖြစ်၏။

အလုပ်တွေသိမ်းသည့်အခါ စာရင်းကို သူကိုယ်တိုင်သေချာတွက်ချက်လျှက် အလုပ်သမားခ၊ ပစ္စည်းခ အားလုံးကို ခွဲခြမ်းတွက်ချက်ပြီး တင့်ဆီကနေ ယူထားသည့် ချေးငွေနှင့် ပြန်ကိုက်ကြည့်၏။ အရှုံးမပေါ်ဘဲ အမြတ်က အတော်လေးရသွားသည်။ သူအတော်လေးကျေနပ်သွားမိ၏။

တင့်၏ ချေးငွေကို တစ်ခါထဲပြန်ပေးပြီး အမြတ်ငွေကို သူ့ခါးပတ်အိတ်ထဲ သေချာသိမ်းစည်းထားလိုက်သည်။ သူ ပိုက်ဆံပြန်ပေးတော့ တင့်က ပိုက်ဆံကို စစ်တောင်မစစ်ပေ။ ‌သူပေးသည့်အတိုင်း ယူကာ ပိုက်ဆံအိတ်ထဲ ဒီအတိုင်းထည့်လိုက်၏။ အရင်က တင့်ပုံစံနှင့် သိပ်ကိုကွာလွန်းသည်။ အရင်ကဆိုလျှင် ပိုက်ဆံကို စစ်စစ်ပေါက်ပေါက် တွက်ချက် စစ်ဆေးတတ်ပြီး အခု သူပေးသည့်ပိုက်ဆံကိုတော့ တစ်ချက်မှ မစစ်ခဲ့ပေ။

"မစစ်တော့ဘူးလား။"

သူမေးတော့ တင့်က ခေါင်းသာတစ်ချက်ခါပြ၏။ ဘာမှမပြောပေ။ သူလည်းဆက်မမေးတော့ပေ။ ပစ္စည်းတွေ ကားပေါ်တင်ပြီး အားလုံးပြန်ဖို့ ပြင်နေကြသလို တင့်ကလည်း တစ်ကိုယ်ရေစာ ပစ္စည်းတွေကို သေချာသိမ်းနေ၏။ ထို့အပြင် အလုပ်သမားတွေကားနှင့် မလိုက်ဘဲ သပ်သပ်ကားလက်မှတ်ဖြတ်ထားပုံရလေသည်။

"စိမ့်...မမတင့်ကို ကားဂိတ်လိုက်ပို့ပေး။ အုန်းချောဈေးထိပ်မှာ ကားရပ်မယ်ပြောတယ်"

စိမ့်စိမ့်က တင့်ကို ပြန်မဖြေခင် သူ့ကို လှမ်းကြည့်၏။ သူမျက်မှောင်ကြုံ့ကာ တင့်ကို ကြည့်လိုက်မိသည်။ စိမ့်စိမ့်ကို မျက်စပစ်ပြကာ အပြင်ထွက်ခိုင်းလိုက်၏။ နှစ်ယောက်ထဲကျန်ရစ်တော့မှ သူ အနားကိုတိုးလာသည်။

"မင်း ကားလက်မှတ်ဖြတ်ထားတာလား"

"ဟုတ်တယ်"

"ဘာဖြစ်လို့လဲ"

"တင့်ဘာသာ ပြန်မယ်"

"မင်း ဘာအရူးထတာလဲ"

သူစေညွှန်ရာ ဦးညွှတ်စေWhere stories live. Discover now