part 22

5.4K 109 7
                                    

သူစေညွှန်ရာ ဦးညွှတ်စေ(အပိုင်း ၂၂)

"အမိ...."

မျက်မှောင်ကြီးကျုံ့ပြီး ခေါ်လိုက်သည့် သူ့အသံမှာ ဘေးနားထိပါပြန့်လွင့်သွား၍ အကင်သည်သာမက လာဝယ်နေကြသည့်လူတွေပါ လှည့်ကြည့်ကုန်ကြလေသည်။ စိမ့်စိမ့်မှာ ထိုင်နေရာကနေ အမြန်ထပြီး သူ့ဆီပြေးလာ၏။

"တိုးတိုးခေါ်ပါ ကိုကိုရယ်။ စိမ့် နားအကောင်းကြီးပါကိုကိုရဲ့"

"စောစောက  ဘယ်သူလဲ...ပြော အမိ"

"ဘယ်သူမှ မဟုတ်ပါဘူးကိုကိုရဲ့။ အကင်လာဝယ်တဲ့သူပါ။ အကင်ရလို့ ပြန်သွားပြီ...ဟီး...."

"အကင်လာဝယ်တဲ့ သူက အဲ့လိုမျိုး မျက်နှာချင်းထိမတတ် စကားလာပြောတာကို ဘာလို့ငြိမ်နေတာလဲ။"

"ဟို...."

"ဝယ်ခိုင်းလိုက်တာ ကြာပြီ။ အခုထိ ပြန်မလာဘူး။ ကြပ်ကြပ်သတိထားနေနော်...အမိ။ အခု ရပြီလားအကင်"

စိမ့်စိမ့်မှာ အကင်သည်ကို မသိမသာလှမ်းကြည့်သည့်အခါ အကင်က အခုမှ စပြီးကင်နေတုန်းဖြစ်လေသည်။ အရင်ရောက်ပြီး ရည်းစားနဲ့ချိန်းတွေ့နေ၍ တခြားလူတွေကို အရင်ပေးခိုင်းထားရာ တကယ်တမ်း အစ်ကိုဖြစ်သူလိုက်လာသည့်အခါ အကင်က မရသေးပေ။

"ဟို....ရခါနီးပြီ ကိုကို။ ကျက်တော့မှာ..ကျက်တော့မှာ"

"ဒီလောက်အကြာကြီး ထွက်လာတာ အခုထိမရသေးဘူးပေါ့"

"လူများနေလို့ပါ ကိုကိုရဲ့"

ဈေးသည်မှာ သူတို့မောင်နှမနှစ်ယောက်ကို ကြည့်ပြီး မျက်ခုံးလှုပ်နေလေသည်။ စိမ့်စိမ့်က ဈေးသည်ကို တစ်ချက်ကြည့်ပြီး မျက်လုံးတစ်ဖက်မှိတ်ပြလိုက်၏။

"ဟုတ်တယ်နော် ဦးလေး။ လူတွေတအားများနေလို့"

"‌ဪ....အေးအေး...."

ဈေးသည်ပါ မလွဲသာမရှောင်သာ ခေါင်းညိတ်လိုက်ရ၏။ သူကတော့ စိမ့်စိမ့်ကို မယုံပေ။ သို့သော် လူကြားထဲမှာ မဆူချင်၍ အကင်စောင့်ယူပြီး ပြန်လာခဲ့လိုက်သည်။ အိမ်ရောက်တော့ အပြင်ကို ခေါင်းလေးမော့ပြီး ကြည့်နေသည့် တင့်ကို မြင်သည့်အခါ စိမ့်စိမ့်မှာ အားနာသွားမိ၏။

သူစေညွှန်ရာ ဦးညွှတ်စေDonde viven las historias. Descúbrelo ahora