သူစေညွှန်ရာ ဦးညွှတ်စေ(အပိုင်း ၃၃)
တင့်အနားမှာ နေပေးသည့်အချိန်၌ နှစ်ယာက်သား ကြည်နူးရသလို ပျော်ရွှင်ရသည်။ အရင်ကထက် အများကြီး အဆင်ပြေနေသည်မို့ တင့်အနားကပင် မကွာချင်ပေ။ သို့သော် သူ့မှာ အလုပ်ကိစ္စပိုပြီး ဝန်လေးရမည့် ပြဿနာရှိနေလေသည်။
"ကိုမင်း မလာလို့မရဘူး။ အမြန်လာခဲ့။ ဒီတစ်ယောက်ကို ဘယ်လိုလုပ်မလဲ"
လွမ်းဘိုက စိတ်ညစ်စွာ ဖုန်းဆက်သည်။ သူ အလုပ်နားထားသည့်အချိန် စန်အေးရီကို ဘယ်လိုနေသည် ဘယ်မှာအလုပ်လုပ်သည်ကို မမေးခဲ့မိပေ။ အခုတော့ လွမ်းဘိုက စိတ်ညစ်စွာသူ့ကို ဖုန်းဆက်လာ၍ သူ့မှာ မသွားလို့မရပေ။
"စန်အေးရီက ဘယ်သူလဲမောင်"
ဖုန်းပြောသည့်အသံကိုကြား၍ တင့်က သူ့ကိုထုတ်မေး၏။ သူ့အနေဖြင့် တင့်ကို ဘာမှဖုံးကွယ်ထားစရာအကြောင်းမရှိပေ။ ထို့ကြောင့် တင့်ကို ပွင့်ပွင့်လင်းလင်းပင် ဖွင့်ေပြာလိုက်၏။
"လားရှိုးက ပြန်လာတုန်းက ပါလာတဲ့အမျိုးသမီးပါ။ သူ့မှာ နေစရာမရှိဘူးဆိုလို့ အကူညီတောင်းတာနဲ့ ခါ်လာလိုက်တာ။ "
"ဘယ်လို မိန်းမတစ်ယောက်ကို ဒီလောက်အဝေးကြီး ခေါ်လာတယ်။ ဟုတ်လားမောင်။"
"ဟုတ်တယ်တင့်...မောင်လည်း သနားတာနဲ့ခေါ်လာလိုက်တာ။ နောက်ပြီး သူက အလုပ်ကြမ်းလည်း လုပ်နိုင်တယ်ဆိုနဲ့ ပန်းရံထဲမှာ မဆလာရွက်လည်း ရတယ်ဆိုတော့ ခေါ်လာလိုက်တာ"
မဆလာရွက်ဖို့ဆို၍ တင့် မျက်လုံးထဲ အုန်းချောတုန်းက ပြဿနာကိုပြန်မြင်လာသည်။ မဆလာရွက်သည့် မိန်းမတွေက ပန်းရံဆရာတွေ၊ ကန်ထရိုက်တွေနှင့် ကြိတ်ပုန်းခုတ်တတ်ကြသည်ကို ကြားဖူးနားဝရှိ၍ သူ့ကို စိတ်မချဖြစ်လာ၏။
"မောင်နော်....ကျန်တာတွေ တင့် ခွင့်လွတ်နိုင်တယ်။ မိန်းမကိစ္စတော့ ပြဿနာမဖြစ်စေနဲ့နော်။ ပြီးတော့ မောင်က ရိုးရိုးကြီး မိန်းမလည်တွေက မြူဆွယ်လို့ပါသွားရင် ဒုက္ခပါပဲ"
"တင့်ရယ်...မောင့်မှာ တင့်တစ်ယောက်ပဲရှိပါတယ်။"
"တင့်က မောင်ကို ယုံပြီးသား။ မယုံတာက မိန်းမတွေကို တစ်ချို့မိန်းမတွေက ပိုင်ရှင်ရှိရင်တောင် ရှောင်ရကောင်းမှန်း မသိကြဘူး။ မီးပုံမှန်းသိလျှက်နဲ့ ခုံချချင်တဲ့ပိုးဖလံတွေ။"
YOU ARE READING
သူစေညွှန်ရာ ဦးညွှတ်စေ
Romanceကွာရှင်းထားပေမဲ့ ဇနီးဟောင်းက အက်ဆီးဒန့်ဖြစ်လို့ ဆေးရုံလိုက်သွားရင်း အတွေးတွေက အတိတ်ဆီကို တစ်ဖြန်ပြန်လည်ပြီး ခေါ်ဆောင်သွားသောအခါ...