ဇာတ်လမ်းအကျဉ်းချုပ်
'ကိုယ်သိတဲ့သူ တစ်ယောက်မှမရှိတဲ့ ဘယ်သူမှမသိတဲ့နေရာကို ထွက်သွားချင်တယ်။'
ပင်ပန်းနွမ်းလျနေသည့် ယူဂျင်း၏ စောဒကတက် ညည်းတွားမှုနှင့်မခြားသော ဆုတောင်းသည် တစ်နေ့တွင် ပြည့်ဝသွားခဲ့သည်။
မျက်လုံးဖွင့်လိုက်သည့်အခါ သူရေးထားခဲ့သည့် ဝတ္ထုကမ္ဘာထဲရောက်နေသည်ကို တွေ့လိုက်ရပြီး မိဖုရား ဂျင် အာနီခါ ဖြစ်လာခဲ့သည်။ သူ့အရိုက်အရာနှင့်မှ မထိုက်မတန် ကြမ်းကြုတ်ရက်စက်မှုကြောင့် နာမည်ဆိုးဖြင့် သတင်းကြီးသည့် မိဖုရားတစ်ပါးပင်။
မိဖုရား ဂျင်သည် ဤကမ္ဘာကြီး ပျက်စီးသွားသည်ကို တွေ့မြင်ရဖို့သာ ဆန္ဒရှိခဲ့ပြီး အဲ့ဒီလိုဖြစ်ဖို့အတွက်သာ ကြိုးစားခဲ့သူဖြစ်သည်။ ခင်ပွန်းဖြစ်သူ စတုတ္ထတိုင်းပြည်ကို အုပ်စိုးသည့် ပြည့်ရှင်ဘုရင် ခါဆယ်ရ်၏လက်တွင် အချိန်မတိုင်ခင် ရက်စက်ဆိုးဝါးသော အဆုံးသတ်နှင့်တွေ့ခဲ့ရသူ ဗီလိန်မိဖုရား...။
ဘာမှန်းမသိရသောကမ္ဘာတွင် ရှင်သန်ဖို့ရန်အတွက် ရုန်းကန်ကြိုးစားနေစဉ် ဘုရင် ခါဆယ်ရ်က ယူဂျင်းထံ လာတွေ့ခဲ့ပြီး စာချုပ်တစ်ခုကို ဖြည့်ဆည်း၍ အကျိုးရလဒ်ထွက်အောင်လုပ်ရန် စေခိုင်းလာခဲ့သည်။
"လွန်ခဲ့တဲ့ သုံးနှစ်က ငါတို့တွေ အပေးအယူလုပ်ခဲ့ကြတယ်။"
ဖြစ်ချင်တော့ မိဖုရား ဂျင်ဟာ ဘုရင် ခါဆယ်ရ်နှင့် အကျိုးတူစာချုပ်ချုပ်ပြီး လက်ထပ်ထားခဲ့ခြင်း ဖြစ်နေခဲ့သည်။ သူ့ဘက်က ဖြည့်ဆည်းပေးရမည့်အရာကတော့...။ ကလေးတစ်ယောက် မွေးပေးဖို့ပင်။
"က...ကလေး ဟုတ်လား။"
"ဟုတ်တယ်။ ငါ့ရဲ့ ဆက်ခံသူ။"
~~~~~
ဒါလေးကတော့ Miel ပထမဉီးဆုံး ဖတ်ဖူးခဲ့တဲ့ transmigration novel လေးပါ။ ဝတ္ထုထဲကူးပြောင်းတဲ့ trope ကို စဖတ်ဖူးတဲ့ beginner တစ်ယောက်အတွက် တကယ့် အစကောင်းလေး ဖန်တီးပေးခဲ့တဲ့ novel ပါပဲ။
ဇာတ်လမ်းကတော့ ဘဝမှာနေထိုင်ရင်း စိတ်ပျက်နွမ်းနယ်နေရာကနေ ကိုယ်ရေးထားတဲ့ ဝတ္ထုထဲရောက်သွားတဲ့ အမျိုးသမီးအကြောင်းပေါ့နော်။ ဝတ္ထုထဲ ရောက်မဲ့ရောက်တော့လည်း ဇာတ်လိုက်နေရာမဟုတ်ဘဲ ယောက်ျားရဲ့လက်ချက်နဲ့ သေရမဲ့ ဗီလိန်မိဖုရားဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ ရှင်သန်ဖို့အတွက် ကြိုးပမ်းရင်း သူကိုယ်တိုင်ရေးထားတဲ့ ဝတ္ထုမှာ သူတောင်မသိတဲ့ loophole တွေရှိနေတာ၊ ဝတ္ထုထဲမှာ မပါတာတွေ ရှိနေတာကို သိလိုက်ရတဲ့အခါ...
မသိတာတွေက တဖြည်းဖြည်းနဲ့ ဘယ်လိုရုပ်လုံးပေါ်လာမလဲဆိုတာကို စိတ်ဝင်စားစရာ ဇာတ်လမ်းဆင်သွားမဲ့ ဝတ္ထုလေးတစ်ပုဒ်ပါ။ ဒီဝတ္ထုက slow pace နဲ့ သွားမှာဆိုတော့ story က တကယ့်ကို ဖြည်းဖြည်းမှန်မှန်လေးနဲ့ ရုပ်လုံးပေါ်လာမှာပါ။ အစပိုင်းမှာ progress နှေးသလိုလို ထင်ရပေမဲ့ စိတ်ဝင်စားဖို့ကောင်းပြီး တကယ် ဖတ်ကြည့်သင့်တဲ့ transmigration novel ပါ။ စစဖတ်ချင်း FL က ကိုယ်ရေးတဲ့ ဝတ္ထုအကြောင်းကိုယ် မသိရကောင်းလားဆိုပြီး စိတ်ပျက်နိုင်လောက်စရာရှိပေမဲ့ story မှာ ဖြည်းဖြည်းချင်း စီးမျောသွားကြည့်ပါ၊ အဲ့ဒါက story ရဲ့ အသက်မို့လို့။ Novel Updates rating မှာ 5 stars တွေ အများကြီးရထားတာ အလကားတော့မဟုတ်ဘူးလေ။
ML ကတော့ yandere လေးပါ။ Yandere ဆိုရင် သဘောပေါက်ပေါ့နော်...ဟွင်းဟွင်း။ ML က အစပိုင်းမှာသာ ဘာသိဘာသာ ဂရုမစိုက်သလို နေပေမဲ့ FL အပေါ် ခံစားချက်တွေ စပြီးရှိလာတာနဲ့ possessive ဆန်လာပြီး အရမ်းတွယ်ကပ်တတ်လာတာမျိုးလေး။ Smut ဆိုပေမဲ့ 19+ တွေချည်း မွစာကြဲနေတာမဟုတ်ဘဲ plot နဲ့ smut မျှမျှတတရှိတာမို့ အဲ့ဒါလေးကလည်း တကယ်သဘောကျမိရတဲ့တစ်ချက်ပါပဲ။
So...enjoy reading!!
~~~~~
Miel's Translations
YOU ARE READING
နောက်ဆုံးခရီး နိဋ္ဌိတံသော် (MM Translation)
Romantik🚨🚨🚨 သတိပေးချက် - ဒီဝတ္ထုက R-19 အမျိုးအစားဖြစ်တာကြောင့် အရွယ်မရောက်သေးသူတွေ ဖတ်ရှုဖို့မသင့်တော်တဲ့ အကြောင်းအရာတွေ ပါဝင်မှာဖြစ်ပါတယ်။ Original Name - 마지막 여행이 끝나면 (When The Last Journey Ends/ Living As The Villainess Queen) Author - Covering The Sky...