Chapter 16 (U)

1K 51 5
                                    

အပိုင်း ၁၆

"ကျွန်မရဲ့အခြေအနေ။ အခု ကျွန်မရဲ့အခြေအနေအကြောင်း တွေ့ကရာလူကို လိုက်အသိပေးတာက ကောင်းတဲ့အကြံ ဖြစ်မယ်မထင်ဘူး။"

"ဟုတ်ကဲ့။ ကျွန်မရဲ့အတွေးကလည်း အဲ့ဒီလိုပဲရှိပါတယ်။"

"အဲ့ဒီလိုဆို ကျွန်မ မေ့သွားသမျှ အရာအားလုံးကို တစ်ခါပြန်ပြီး သင်ယူဖို့အတွက် ကူညီပေးမဲ့သူ လိုအပ်ပါတယ်။ မာရီအန်းသာဆိုရင် ကျွန်မကို လုံလုံလောက်လောက် ကူညီပေးနိုင်မယ်မဟုတ်လား။"

"အရှင်မိဖုရား။ လိုအပ်ချက်တွေရှိနေတဲ့ ကျွန်မက..."

"မငြင်းရင်ကောင်းမှာပဲ။ ကျွန်မက တခြားဘယ်သူ့ထက်မဆို မာရီအန်းရဲ့ အကူအညီကို လိုအပ်နေတာပါ။"

ယူဂျင်းအား အသာတိတ်တိတ်လေး တစ်ချက်ကြည့်နေခဲ့ပြီးသည့်နောက်တွင် မာရီအန်း၏ မျက်နှာထားက နူးညံ့လာခဲ့သည်။

"လိုအပ်ချက်တွေရှိနေပေမဲ့ အရှင်မိဖုရားအတွက် အကူအညီဖြစ်နိုင်မယ်ဆိုရင် ဝမ်းမြောက်ဝမ်းသာနဲ့ အကောင်းဆုံး ကြိုးစားပါ့မယ်။"

"ကျေးဇူးပါပဲ။"

"ကျွန်မကမှ အရှင်မိဖုရားကို ကျေးဇူးတင်ရမှာပါ။ အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

မာရီအန်းက အခက်တွေ့ခဲ့ရသည့်အတိတ်အကြောင်း ပြောနေခြင်းဖြစ်မှန်း ရိပ်မိသော်လည်း ယူဂျင်းက မသိချင်ယောင်ဆောင်ခဲ့သည်။ ရှေ့လျှောက်တွင် မာရီအန်းနှင့် သင့်သင့်မြတ်မြတ် ရှိသွားချင်သော်လည်း မာရီအန်းနှင့် ဂျင်၏ ဆက်ဆံရေးအကွဲအပြဲကြားတွင် ပေါင်းကူးတံတားလုပ်ပေးရန် စိတ်ကူးမရှိချေ။

"အရှင်မိဖုရား။ ကျွန်မက မြို့တော်ကနေ စွန့်ခွာခဲ့နှင့်ပြီးသားပါ။ ကျွန်မရဲ့နေရာကို ပြန်ပြီးဖန်တီးဖို့အတွက် စတုတ္ထဘုရင် အရှင်မင်းမြတ်ရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။"

"အဲ့ဒီလိုလား။ ဒါဆို ကျွန်မက အရှင်မင်းကြီးနဲ့ စကားပြောကြည့်လိုက်ရင်ရမလား။"

"ကျွန်မက အရှင်မင်းကြီးကို လျှောက်တင်လိုက်ပါ့မယ်။ အရှင်မိဖုရားက အရှင်မင်းကြီးနဲ့ ကိုယ်တိုင်စကားပြောချင်တယ်ဆိုရင်လည်း အရှင်မိဖုရား စိတ်တိုင်းကျသလိုသာလုပ်ပါ။"

နောက်ဆုံးခရီး နိဋ္ဌိတံသော် (MM Translation)Where stories live. Discover now