Chapter 23 (U)

687 36 3
                                    

အပိုင်း ၂၃

'အာ၊ အဲ့ဒါကိုး။'

အမိန့်ထက် အကူအညီတောင်းမှုနှင့် ပိုနီးစပ်သော်လည်း ယူဂျင်းက အသာလေး နားထောင်ခဲ့သည်။

"ရာဇဝတ်သားတွေက အရှင်မင်းမြတ်ရဲ့အမိန့်တော်ကို အာခံဆန့်ကျင်ခဲ့ကြတဲ့အတွက် သူတို့ရဲ့အပြစ်က အထင်အရှားပါပဲ။ ဒါပေမဲ့ အရှင်မိဖုရားက ငဲ့ကွက်ညှာတာစွာနဲ့ သူတို့အပေါ် စာနာသနားပေးဖို့ ရွေးချယ်ခဲ့တယ်ဆိုတော့ အရှင်မိဖုရားရဲ့ဆန္ဒအတိုင်း သူတို့ရဲ့ဈာပနအတွက် ငွေကြေးထောက်ပံ့ပြီး ရုန်းကန်နေရတဲ့ မိသားစုတချို့ကို နစ်နာကြေး ပေးခဲ့ပါတယ်။ အရှင်မိဖုရားရဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့ စိတ်ကောင်းစေတနာကို အကုန်လုံးက ဦးညွှတ်ပြီး ကျေးဇူးတင်ကြောင်း ပြကြမှာပါ။"

"...တာဝန်ကျေပါတယ်။"

ဘာမှလည်းမလုပ်ဘဲ အသိအမှတ်ပြုခံရသည့်အတွက် စိတ်က တစ်မျိုးကြီးဖြစ်နေတော့သည်။

ထိုစဉ်ကတော့ ကောက်ကာငင်ကာပေါ်လာသည့် စာနာစိတ်ကြောင့် မာရီအန်းကို အကူအညီတောင်းခဲ့မိခြင်းပင်။ အမှန်အတိုင်းပြောရလျှင် မေ့ပင်မေ့နေပေပြီ။

မျက်နှာ တစ်ခါလေးတောင်မမြင်ဖူးသည့် လူများ၏ ဒုက္ခကို စိတ်ရင်းဖြင့်ကိုယ်ချင်းစာနိုင်လောက်သည်အထိ သူက ကြင်နာတတ်သူမဟုတ်။ သူတို့က ရာဇဝတ်သားတွေအပြင်မပိုဘူးဟု အေးစက်စွာပြောခဲ့သည့် မရဏဘုရင်၏ လုပ်ရပ်ကြောင့် အနည်းငယ် ဘက်တိုက်ဆန့်ကျင်လိုသည့်စိတ်လေး ပေါ်လာခဲ့ခြင်းထင်ပါသည်။

"နစ်နာကြေးက သူတို့အတွက် တကယ်ရော အထောက်အကူဖြစ်ပါ့မလား။"

လူသေသွားတာကို ပိုက်ဆံပေး၍ ကျေအေးမှုရအောင်လုပ်သလိုဖြစ်နေသောကြောင့် စိတ်ထဲတွင် မတင်မကျဖြစ်နေတော့သည်။

"အရှင်မိဖုရား၊ ​နစ်နာကြေးပေးတယ်ဆိုတာက ရာဇဝတ်သားတွေအပေါ်ပြသတဲ့ အရှင်မိဖုရားရဲ့ ညှာတာထောက်ထားမှု တစ်စိတ်တစ်ပိုင်းအပြင်မပိုပါဘူး။ ဘုရင်မင်းမြတ်ရဲ့ အမိန့်ကို အာခံဖီဆန်တဲ့အပြစ်က သေလောက်အောင် ကြီးမားတဲ့အပြစ်ပါ။"

နောက်ဆုံးခရီး နိဋ္ဌိတံသော် (MM Translation)Where stories live. Discover now