Chapter 11 (U)

1.1K 52 2
                                    

အပိုင်း ၁၁

ယူဂျင်းက ရှုံးနိမ့်သွားသလို ခံစားချက်မျိုးနှင့် ပို၍တည်ငြိမ်စွာ စကားပြောခဲ့သည်။

"သိထားပြီးတဲ့အတိုင်း ကျွန်မ ဘာမှမမှတ်မိပါဘူး။ ကျွန်မတို့ လက်မှတ်ထိုးထားတဲ့ စာချုပ်က အဲ့ဒီလိုအကြောင်းအရာပါလို့ ဘယ်လိုများ အာမခံနိုင်မှာပါလဲ။"

"ငါ့နာမည်နဲ့ လိမ်နေတာမဟုတ်တဲ့အကြောင်း ကျိန်ဆိုတယ်။"

"ဟုတ်ကဲ့ပါ၊ အဲ့ဒီလိုဆိုတော့လည်း။...ဒါဆို အရင်တုန်းက သန္ဓေတားဆေး သုံးခဲ့တာလား။"

သူက မရေမရာမျက်လုံးများဖြင့် ကြည့်လာသည်တွင် ယူဂျင်းလည်း ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားတော့သည်။

"မသုံးဖူးဘူး။"

'သန္ဓေတားဆေးမသုံးဘဲ သုံးနှစ်လုံး နေလာတာတောင် ကလေးမရဘူးဆိုတော့ နဂိုကတည်းက ကိုယ်ဝန် ကောင်းကောင်းမရနိုင်တဲ့ပုံပဲ။...အခုမှလာပြီး ရုတ်တရက်ကြီး ကလေးလိုချင်လာတာများလား။'

"မင်းနဲ့ငါနဲ့ အတူတူအိပ်တာမျိုး မရှိခဲ့ဖူးဘူး။"

သူ့ကိုကြည့်နေခဲ့သည့် ယူဂျင်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

"အာ...ဒီတော့ နှစ်ယောက်က..."

ပြတ်တောင်းပြတ်တောင်း ပြောနေခဲ့သည့် ယူဂျင်းက ထအော်လိုက်သည်။

"ကျွန်မတို့ အတူတူ မအိပ်ဖူးဘူးပေါ့လေ။ တစ်ခါလေးတောင်မှလား။"

ခါဆယ်ရ်က အသံထွက်ပြီး ရယ်လိုက်သည်။

"အဲ့ဒါကြောင့် ငါက အချိန်မရှိဘူးလို့ ပြောတာပေါ့။ မကြာခင် လက်ထပ်ထားတာ သုံးနှစ်ပြည့်တော့မယ်။"

"သုံးနှစ်က ဘာဖြစ်လို့လဲ။"

"လက်ထပ်ပြီးလို့ သုံးနှစ်ရှိသွားတာတောင် မင်္ဂလာဦးညကို မကုန်ဆုံးရသေးဘူးဆိုရင် အဲ့ဒီအိမ်ထောင်ကို တရားမဝင်ဘူးလို့ ပြောလို့ရတယ်လေ။"

ယူဂျင်းက သူနှင့် တိုက်ရိုက်ဆုံအောင်ကြည့်လာသည့် မျက်လုံးများအား မသိမသာလေး ရှောင်လိုက်သည်။

"...ဒါပေမဲ့ လတိုင်း ပထမဆုံးနေ့တွေဆိုရင် ဒီမှာ အိပ်တာဆို။"

နောက်ဆုံးခရီး နိဋ္ဌိတံသော် (MM Translation)Where stories live. Discover now