Chapter 15 (U)

1.3K 47 1
                                    

အပိုင်း ၁၅

မာရီအန်းက နေ့လယ်စာစားချိန်အပြီး နှစ်နာရီအလွန် နေ့လယ်ခင်းအစောပိုင်းတွင် နန်းတော်ထဲသို့ ဝင်လာခဲ့၏။ အခြွေအရံမိန်းကလေးတစ်ယောက်အား သူ နန်းတော်ထဲသို့ ဝင်ရောက်လာပြီဖြစ်ကြောင်း မိဖုရားထံသို့ အမှားပါးခိုင်းပြီးလျှင် ဧည့်ခန်းထဲ၌ စောင့်နေလိုက်သည်။ ခဏအကြာတွင် ဆာရာက ဝင်လာပြီး မာရီအန်းဆီသို့ ချဉ်းကပ်လာခဲ့သည်။

"ရောက်လာပါပြီလား၊ မာရီအန်းရှင့်။"

မာရီအန်း၏ မျက်နှာထားက တင်းသွားခဲ့သည်။

"အထိန်းတော်ချုပ်။ ဒီလိုမလုပ်ပါနဲ့လို့ ပြောထားရဲ့သားနဲ့။ အထိန်းတော်ချုပ် ဂါရဝပြုတာကို သီးသန့်လက်ခံပေးပါ့မယ်ဆို။"

"အဲ့ဒီလိုမဟုတ်ပါဘူး...ဒီနေ့ မိဖုရားနဲ့တွေ့ဖို့ လာခဲ့တာမဟုတ်လား။"

မာရီအန်း၏ မျက်နှာထားက စိတ်မကောင်းစွာ ညိုမှောင်လာတော့သည်။

"မိဖုရားက မတွေ့ဘူးလို့ ပြောလိုက်လို့လား။"

"အဲ့ဒီလိုမဟုတ်ပါဘူး။"

တွေဝေတုံ့ဆိုင်းနေသည့် ဆာရာက ဘေးပတ်လည်ကိုကြည့်ကာ အခြွေအရံမိန်းကလေးများကို အကုန်ထွက်သွားခိုင်းလိုက်သည်။ နှစ်ယောက်တည်း ကျန်နေပြီးသည့်နောက် ဆာရာက မာရီအန်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ခဲ့သည်။

"ညနေမှဖြစ်ဖြစ် မနက်ဖြန်မှဖြစ်ဖြစ် ပြန်လာတာ ပိုကောင်းမယ်ထင်ပါတယ်။"

"ဘာဖြစ်လို့များလဲ။"

"မိဖုရားက အခုထိ လဲလျောင်းအနားယူနေဆဲမို့လို့ပါ။"

"ဘယ်နားများ မအီမသာဖြစ်လို့လဲ။"

"မနေ့ညက အရှင်မင်းမြတ် ကြွလာပါတယ်...အဲ့ဒါကြောင့် ပင်ပန်းသွားလို့ပါ။"

"ဘုရားရေ။"

မာရီအန်းက အံ့ဩတကြီး ဘုရားတလိုက်သည်။ ယခင်က ဤကဲ့သို့ တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။

သူတို့နှစ်ဦး တစ်ညတာကုန်ဆုံးပြီးတဲ့နောက် အိပ်ခန်းကို ရှင်းလင်းကြသည့် အခြွေအရံမိန်းကလေးများ၏ စကားများကို မာရီအန်း မတော်တဆ ကြားမိဖူး၏။ အခုတင် လှဲအိပ်ရုံအိပ်ခဲ့ရာကနေ နိုးထလာသကဲ့သို့ အိပ်ရာခင်းများက အမြဲတမ်း သေသေသပ်သပ်ရှိနေသည်ဟူ၍ပင်။

နောက်ဆုံးခရီး နိဋ္ဌိတံသော် (MM Translation)Where stories live. Discover now