Chapter 9 (U)

971 43 1
                                    

အပိုင်း ၉

ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားသောကြောင့် စကားမပြောနိုင်ဖြစ်နေသည့် ယူဂျင်းက နှုတ်ခမ်းတွေကိုသာ လျှာဖြင့်သပ်လိုက်သည်။

"ယုံကြည်ပေးခဲ့တယ်မဟုတ်ဘူးလား။ ကျွန်မရဲ့မှတ်ဉာဏ်တွေ..."

"ကျိန်းသေပေါက် ဘယ်ယုံပါ့မလဲ။"

လက်ပိုက်ထားပြီး မေးကိုအနည်းပင့်ထားရင်း ပြောနေသည့် သူ၏ပုံစံကား အင်မတန် အထက်စီးဆန်လှ၏။

ယူဂျင်းလည်း ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ မျက်နှာထားက ပျက်ယွင်းသွားခဲ့သည်။

"အဲ့ဒါဆိုရင် ဘာဖြစ်လို့ ယုံကြည်သလိုလို လုပ်နေခဲ့တာလဲ။"

"မင်းက ဆင်ခြေပေးခွင့်တောင်းနေလို့ နားထောင်ပေးခဲ့တာလေ။ နေရာချင်းလဲပြီး တွေးကြည့်ရအောင်။ မင်းသာဆိုရင်ရော ဒီအခြေအနေကြီးကို နားလည်ပေးနိုင်မှာလား။ ပြီးတော့ မမှတ်မိတော့တာနဲ့ပဲ ကျူးလွန်ထားတဲ့အပြစ်က ပျောက်ကွယ်သွားပါတယ်လို့ ဘယ်ဥပဒေမှာများ ပြောထားသလဲ။"

ယူဂျင်းက အင်မတန် ခံပြင်းသလိုမျိုး ဒေါသတွေ ထွက်နေခဲ့ရာက ထို့နောက်တွင် ပခုံးလေးများ ကိုင်းကျသွားခဲ့သည်။ သူ့တွင် ပြောစရာဘာမှမရှိပေ။

သူက မျက်လွှာလေးချပြီး မှိုင်မှိုင်တွေတွေ ပြောခဲ့သည်။

"ဂျင်...ကျွန်မက ဘာလုပ်ရပ်ကို လုပ်ခဲ့လို့လဲ။ တစ်ခုခု ပျောက်သွားတယ်လို့ ပြောခဲ့တယ်ထင်တယ်။ အဲ့ဒါက ဘာများလဲ။ ကျွန်မကို အသေးစိတ် ပြောပြပေးပါ။ တစ်ခုခု စိတ်ထဲပြန်ပေါ်လာလောက်မလားမသိဘူး။"

"..."

နိုင်ငံ့ရတနာဆိုသည်မှာ တော်ဝင်မိသားစုအတွင်းတွင် ဘိုးစဉ်ဘောင်ဆက် အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့ကြသော အဖိုးတန် သမိုင်းဝင်ပစ္စည်းဖြစ်သည့်အတွက် တန်ဖိုးကို ခန့်မှန်းသတ်မှတ်၍မရချေ။ သို့သော် နိုင်ငံ့ရတနာ နေရာတွင်မရှိရုံလေးနှင့် တစ်စုံတစ်ယောက် ဘေးအန္တရာယ် ကျရောက်ခြင်း သို့မဟုတ် တိုင်းပြည်က ပြဿနာအကြီးကြီးနှင့် ကြုံတွေ့ရခြင်းတို့ ဖြစ်လာလိမ့်မည်တော့မဟုတ်။

နောက်ဆုံးခရီး နိဋ္ဌိတံသော် (MM Translation)Where stories live. Discover now