Chapter 2- Part 1 (U)

2.9K 62 0
                                    

အပိုင်း ၂ - ၁

ယူဂျင်းတစ်ယောက် ထရပ်လိုက်ပြီး မှန်တင်ခုံစားပွဲဆီသို့ လျှောက်သွားလိုက်သည်။ အသက်ရှူနှုန်းကို ထိန်းချုပ်ထားလျက် မှန်ထဲမှပုံရိပ်အား ကြည့်လိုက်၏။

'မဖြစ်နိုင်တာ။'

သူက ဦးခေါင်းကို နီးကပ်အောင်တိုးလိုက်ပြီး ရှေးဟောင်းမှန်ကြီးဆီသို့ လက်လှမ်းလိုက်သည်။ အပြန်အလှန်အားဖြင့် မှန်ထဲမှ အမျိုးသမီးသည်လည်း ယူဂျင်း၏ လက်ဖဝါးနှင့်ထိရန် လက်လှမ်းလာခဲ့၏။

ယူဂျင်းက မျက်တောင်ကြမ်းကြမ်းခတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ နှုတ်ခမ်းများကိုစူ၍ ဟိုဘက်ဒီဘက်လှုပ်ရှားလိုက်ပြီး ထို့နောက် လျှာထုတ်လိုက်သည်။ ဆိုဖာပေါ်တွင်ထိုင်ရင်း လက်တစ်ဖက်ဖြင့် မေးထောက်လျက်သားကနေ ခေါင်းကလေးကို ထောင့်ချိုးတစ်ခုအထိ ငဲ့စောင်းလိုက်ပြီး နောက်လက်မောင်းတစ်ဖက်ကို ဆိုဖာလက်တင်ပေါ်တွင်ထားရင်း သူ့ကိုယ်သူ ထောက်ပံ့ထားခဲ့၏။ မှန်ထဲမှ အမျိုးသမီးက ယူဂျင်းလုပ်သမျှ အားလုံးကို တစ်ထပ်တည်းလိုက်လုပ်ခဲ့သည်။

အဲ့ဒီနောက်တွင် သူ့ခန္ဓာကိုယ်မှာ အံ့အားသင့်မှု ပေါက်ကွဲပျံ့နှံ့သွားပြီး စိတ်ကူးကြည့်၍မရလောက်အောင် ပြင်းထန်လှသောကြောင့် ကြွက်သားတစ်ခုလောက်တောင် လှုပ်ရှားနိုင်ခြင်းမရှိဘဲ သူ့ပုံရိပ်ကိုသာ အတန်ကြာအောင် ငေးကြည့်နေခဲ့မိလေသည်။ သူ၏စိတ်တွင် နားလည်ခဲ့ပြီးသည်မှာ ကြာလှပြီဖြစ်သော်လည်း ယခုလက်ရှိအခိုက်အတန့်အထိ သူ့ထံတွင် ဖြစ်ပျက်ခဲ့သည့် ဆန်းကြယ်သော အဖြစ်အပျက်ကို ယုံကြည်ရန် ငြင်းဆန်နေမိဆဲပင်။

မှန်ထဲမှ အမျိုးသမီးသည် ဆံပင်ရှည်ရှည်နှင့်ဖြစ်၏။ မည်းနက်နေသည့် သူ၏ ဖြောင့်စင့်သောဆံနွယ်များသည် ခါးအထိ ဖြာဆင်းကျနေပြီး သူ၏ မျက်လုံးများမှာ ငြင်းမရအောင် မည်းနက်လှပါသည်။ လျှို့ဝှက်နက်နဲမှု အတိလွှမ်းသော မျက်လုံးနက်နက်နှစ်လုံးသည် ယူဂျင်းအား ပြန်လည်စိုက်ကြည့်နေကြလေသည်။

ယူဂျင်းမှာ ကြီးပြင်းအရွယ်ရောက်လာသည်နှင့်အမျှ လူအမျိုးမျိုးအထွေထွေ၏ ရုပ်ရည်သွင်ပြင်တို့နှင့် အကျွမ်းဝင်အသားကျခဲ့သူပင်။ တိတိကျကျပြောရလျှင် ဂျင် အာနီခါ၏ ရုပ်ရည်သွင်ပြင်သည် အာရှသားတို့၏ ရုပ်ရည်သွင်ပြင်နှင့် ကွဲပြားလှသည်။

နောက်ဆုံးခရီး နိဋ္ဌိတံသော် (MM Translation)Where stories live. Discover now