Chapter 6 (U)

1.1K 46 2
                                    

အပိုင်း ၆

"မဟုတ်တာ။ ကိစ္စမရှိပါဘူး။"

"...အတည်ပြောနေတာလား။"

"ဟုတ်ပါတယ်။ ဒါပေမဲ့...အဲ့ဒီလူနဲ့ ကျွန်မ တွေ့ကြည့်ချင်ပါတယ်။"

ဘယ်သူလဲလို့ မျက်နှာမြင်လိုက်ရလျှင် တစ်စုံတစ်ခုပဲဖြစ်ဖြစ် မှတ်မိနိုင်လောက်ပေမည်။ ဘုရင်မင်းမြတ်ကိုယ်တိုင် နာမည်ထုတ်ပြောခဲ့သူဖြစ်သည့်အတွက် အင်မတန် အရေးပါသည့်ပုဂ္ဂိုလ်ဖြစ်မည်မှာ သေချာလှ၏။

"မင်းက မာရီအန်းနဲ့ တွေ့မယ်ပေါ့လေ။"

"ဟုတ်ပါတယ်။"

"ဘာဖြစ်လို့....ဟင့်အင်း၊ သိပြီ။ အဲ့ဒီလိုလုပ်ပါ။ ဒါနဲ့ မိဖုရား။"

"ဟုတ်ကဲ့။"

"ငါ့ကိုကြည့်ပြီး ​စကားပြောလို့မရဘူးလား။ ရာဇဝတ်သားလိုမျိုး ခေါင်းချည်းဆက်တိုက်ငုံ့ထားတော့ ငါကပဲ မင်းကို အပြစ်တင်နေသလို ဖြစ်နေတယ်မဟုတ်လား။"

ယူဂျင်းက 'အကြည့်ခံရတာကို မကြိုက်ဘူးမဟုတ်ဘူးလား' ဟုတွေးရင်း ဖြည်းဖြည်းချင်း ခေါင်းမော့၍ သတိထားပြီး မျက်လုံးပင့်ကြည့်လိုက်သည်။

'ဝါး...'

နောက်တစ်ကြိမ် ထပ်ကြည့်မိခြင်းဖြစ်သော်လည်း အံ့ဩမှင်တက်မိဆဲပင်။ သူသည် အင်မတန် ချောမောခံ့ညားသည့်လူပင်ဖြစ်၏။ ထိုကဲ့သို့သော နှာတံကိုသာ ရမည်ဆိုလျှင် ငွေသန်းချီပုံပေးမည့်လူများ လောကတွင် ဒုနှင့်ဒေး ရှိကြပေမည်။ မျက်နှာအစိတ်အပိုင်းများက ဘယ်လိုကြောင့်များ ထိုမျှလောက် ပိရိထင်ရှားကြွရွနေနိုင်ရပါသနည်း။

အိပ်ခန်းထဲတွင် ရှိခဲ့စဉ်ကထက် ပို၍နီးနီးကပ်ကပ်ရှိနေသောကြောင့် သူ့မျက်လုံးများ၏ အရောင်ကို ပို၍ကောင်းမွန်စွာ တွေ့မြင်နိုင်ခဲ့၏။ သူ၏ မျက်ဝန်းပြာများသည် ကျောက်မျက်ရတနာများသဖွယ်ရှိ၏။ ကောင်းကင်ပြာပြာသဖွယ် ထင်ရှားကြည်လင်လှပါသည်။

သူက ထရယ်လိုက်သည့်အတွက် ယူဂျင်းခမျာ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားရ၏။ တအားကို ​ပေါ်တင်ကြည့်မိသွားသလားဟုတွေးပြီး ရှက်သွားခဲ့ရသည်။

နောက်ဆုံးခရီး နိဋ္ဌိတံသော် (MM Translation)Where stories live. Discover now