Chapter 10 (U)

977 47 4
                                    

အပိုင်း ၁၀

ဘာသာရေးမြို့တော်အထိရောက်ရန် ဝေးလွန်းသည်ဆိုလျှင် အနီးဆုံးတွင်ရှိသည့် ဆူရာန် တိုင်းပြည်သို့ သွားနိုင်ပေသည်။ အလိမ်အညာများ လုပ်ပြော၍ သီးသန့်ကာကွယ်ပေးမှုကို တောင်းဆိုမည်ဆိုလျှင် ဆူရာန်ဘုရင်အနေနှင့် ငြင်းနိုင်စရာ အကြောင်းရှိမည်မဟုတ်။

မမှတ်မိတော့ပါဘူးဟု ပြောထားသည့်သူကို မေးမြန်းစစ်ဆေးခြင်းတောင် မပြုနိုင်သည့် အခြေအနေပင်။ သို့သော် နားမလည်နိုင်ဖြစ်ရသည့်အရာကား ထိုတစ်ခုတည်းမဟုတ်။

လွန်ခဲ့သည့် သုံးနှစ်အတွင်းက မိဖုရား၏ အပြုအမူများကို တွေးလိုက်မိသည်။ ဤတိုင်းပြည်၏ မိဖုရားတစ်ပါးအနေနှင့် တိုင်းပြည်ကို ဦးဆောင်လိုသည့်စိတ်ဆန္ဒအား ရှာမတွေ့ခဲ့ရပေ။

အရင်စ၍ စာချုပ်ဖျက်သိမ်းကြောင်း ပြောလာမည်ကို မျှော်လင့်ပြီး ထိုကဲ့သို့သော ပုံစံမျိုးအထိပြရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်မည်လား။

သံသယ စဝင်လာသည်နှင့် အရာအားလုံးက မေးခွန်းထုတ်စရာ ဖြစ်လာတော့သည်။

"အတင့်ရဲပြီး ပြောရရင် ရင်သွေးတွေက ဒီအတိုင်း အလိုလို ဖြစ်လာတာမဟုတ်ပါဘူး။ ကြိုးစားဖို့လိုပါတယ်။ မိဖုရားရဲ့ အိပ်ခန်းထဲမှာ တစ်လတကြိမ်ပဲအိပ်ပြီးတော့ အလုပ်များနေလို့ဆိုပြီး ဒီအတိုင်း ကျော်သွားလိုက်တဲ့ လတွေလည်း အများကြီးရှိခဲ့တယ်ဆို။ ဒီတော့ ဘယ်တော့များမှ အကြင်လင်မယားဆက်ဆံရေးမှာ သံယောဇဉ်ကို တည်ဆောက်ပြီး ဆက်ခံသူရအောင် လုပ်မှာပါလဲ။"

ခါဆယ်ရ်က ခက်ထန်စွာ ပြန်ပြောခဲ့သည်။

"အခု လိင်မှုကိစ္စ ပညာပေးရေးအထိပါ လုပ်တော့မလို့လား။"

"အရှင်မင်းကြီး။"

"သိပြီမို့လို့ ဒီလောက်ပဲပြောတော့။ မကြာခင် သတင်းကောင်းကြားရအောင် ကြိုးစားမယ်။"

မာရီအန်းတစ်ယောက် မျက်လုံးပြူးသွားရတော့သည်။ ဘုရင်မင်းမြတ်ထံမှ ထိုကဲ့သို့သော အဖြေမျိုးကို ကြားရသည်မှာ ပထမဆုံးအကြိမ်ပင်။ သူက ဝမ်းသာမှုကို ဖုံးဖိထားနိုင်ခြင်းမရှိဘဲ ပြောလိုက်၏။

နောက်ဆုံးခရီး နိဋ္ဌိတံသော် (MM Translation)Where stories live. Discover now