အပိုင်းကိုး

2.7K 395 81
                                    

စနေနေ့ photo shooting ကို လင်းယံနဲ့အတူသွားတော့ ကိုဆက်ပါ ပါလာတယ်။ သူကလည်း ရည်ရွယ်ချက်အကောင်းစားကြီးနဲ့ပါ။ ကျွန်တော်တို့နှစ်ယောက်ကို လိုက်ကူတာတော့ မဟုတ်ဘူး၊ မော်ဒယ်လ်ကိုတွေ့ချင်လို့တဲ့။ တွေ့တော့လည်း လက်ကုပ်ပြီးတော့ သူ့ကို မိတ်ဆက်ခိုင်းသေးတာ။ ဒီဘဲလည်း ငစား။ အစ်မနဲ့ တိုင်လိုက်မှာနော်ဆိုမှ တဟဲဟဲနဲ့။

အားလုံးပြီးတော့ ညနေတောင်စောင်းနေပြီ။ ပင်ပန်းလိုက်တာများ ပြောမနေပါနဲ့တော့။ မော်ဒယ်နဲ့ ပြောဖို့ကို သူ့စကားပြန်က တိုင်ပတ်နေတာနဲ့ eng လိုတွေချရတာ။ မပြောတတ်တာတော့မဟုတ်ဘဲ ပြောနေကျမရှိတော့ အူလည်လည်နဲ့ တော်သေးတာပေါ့ လင်းယံပါလို့။ ဒီကောင်လေးက eng ကို တော်တော်ကောင်းကောင်းပြောနိုင်တယ်။ တော်တယ်လို့ချီးကျူးမိတော့ ကိုဆက်လေ ဘာပြောတယ်မှတ် သူ့အဖေက နိုင်ငံခြားသားမို့ သူကောင်းကောင်းပြောနိုင်တာပေါ့တဲ့။ ငါ့နှယ် ပြောလိုက်ရရင်မကောင်း သူ့အဖေကဖြင့် သူစကားမပြောတတ်ခင်ကတည်းက ထွက်သွားတဲ့ကိစ္စ။ ဘာသာစကားကိုများ သွေးထဲကပါလာတယ်ထင်နေလားမသိ။ ဒီကိုဆက်လည်း သူဌေးဘယ်လိုဖြစ်လာတယ် မသိတော့ပါဘူး။

"အရှည်ကြီးက တော်တယ်နော်"

"ဘာကိုအရှည်ကြီးလဲ နာမည်ရှိတယ် ညိမ်လင်းယံ။ ကိုဆက်နော် ခင်ဗျားကပါ ထိပ်ဆုံးကနေ ကလေးတွေ နာမည်ကို လိုက်ဖျက်နေတာဟုတ်လား"

"မင်းကလည်းကွာ အထိကိုမခံဘူး ရုတ်တရက်ထွက်သွားတာပါကွ"

"မရဘူးလေ ကျွန်တော်က နာမည်ဖျက်တဲ့သူကို လုပ်မယ်ပြောထားတာ သူဌေးဆိုပြီး မညှာဘူးနော် အေး"

"အေးပါကွာ ဆောရီးဆောရီး ညိမ်လင်းယံပါ။ ဒါနဲ့ ညိမ်တယ်ဆိုတော့ မဆော့ဘူးပေါ့"

စပ်ဖြီးဖြီးနဲ့ လိုက်စနေတဲ့ ကိုဆက်ကို ခေါင်းပဲခါပြီး ကြည့်နေလိုက်တော့ သူတန်းသိတယ်။

"ညိုကြီးရာ မင်းငါ့ကို မျက်လုံးလေးနဲ့ မဆဲနေပါနဲ့ မင်းကလေးကို ငါမစတော့ပါဘူး ဟုတ်ပြီလား"

ကျွန်တော်တို့နှစ်ယောက် တကျက်ကျက်ဖြစ်နေတာကို လင်းယံက တစ်ခုမှဝင်မပြောဘဲ အသာလေးပြုံးပြီး ကြည့်နေခဲ့ပါတယ်။

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now