Author's Note

2.1K 274 104
                                    

ဒီဇင်ဘာမှသည်နဲ့ပတ်သတ်ပြီး ပြောစရာလေးတွေရှိလို့ပါ။ update မဟုတ်ဘဲ နိုတီတက်အောင်လုပ်မိလို့ အားနာပါတယ်ဗျာ။

အပိုင်း ၄၅ လောက်ထိ မှန်းထားပေမယ့် ဒီထက်လည်း စောသိမ်းချင် သိမ်းသွားနိုင်ပါတယ်။ အခုပဲ ၃၆ ဆိုတော့ တော်တော်လေးတော့ နီးလာပြီပေါ့နော်။ ၅ နှစ်ကြာပြီးမှ စိတ်အားထက်သန်စွာနဲ့ သေချာပြန်တည်ဆောက်ထားတဲ့ ဇာတ်ကောင်တွေမို့ ကျနော် တော်တော်လေး ချစ်ပါတယ်။

ဇာတ်ကောင်တိုင်းကိုတော့ စာရေးသူတွေက ချစ်ကြမှာပဲဆိုပေမယ့် ကျနော့် ဂျီကောင်တွေကလည်း ချစ်ပေးတာမြင်တော့ တကယ်ပျော်ရပါတယ်၊ ကျေးဇူးလည်း တင်တယ်။ ခွဲတော့လည်း မခွဲချင်သေးပါဘူး။

SID ဟာ ဇာတ်လမ်းဇာတ်အိမ် ကြီးကြီးမားမားပါတဲ့ Fiction တစ်ခုတော့မဟုတ်ပါဘူး။ ပြောခဲ့သလို လူ့သဘာဝ၊ ခံစားမှု၊ သိမြင်နိုင်မှု၊ တာဝန်ခံတာဝန်ယူတတ်တာတွေ၊ ချစ်ခြင်းမေတ္တာ၊ လက်လွှတ်ပေးတာ၊ နောက်ဆုတ်တတ်တာ၊ လက်ခံပေးနိုင်တာ အဲဒီလိုပေါ့ လူတွေကြားမှာ ဖြစ်တတ်တာလေးတွေကိုပဲ ရိုးရိုးရှင်းရှင်းနဲ့ ဒိုင်ယာလော့ခ်အသားပေး ဖော်ပြမယ့် fic တစ်ပုဒ်ပါ။

ဇာတ်လမ်းအရလည်း နှိုင်းမြေ့ညိုဟာ ရုပ်ရည်အားဖြင့်လည်း ထူးထူးခြားခြား ဘာမှမရှိတဲ့ သာမာန်အမျိုးသားတစ်ယောက်၊ လူသားဆန်တဲ့ လူတစ်ယောက် ဖြစ်ပြီး ညိမ်လင်းယံကလည်း နှိုင်းမြေ့ညို စီမံပေးလို့ idol တစ်ယောက်ဖြစ်သွားတာကလွဲရင် သူကလည်း သာမာန်ကောင်လေးတစ်ယောက်ပါပဲ။ နေ့စဉ်ဘဝမှာ ပုံမှန်ဖြစ်ပျက်တတ်တာတွေကိုပဲ ထည့်ရေးထားပြီး ညိမ်လင်းယံအောင်မြင်သွားတယ်၊ ချောလာတယ်ဆိုတာတွေကိုလည်း ယုတ္တိတန်တဲ့ နည်းလမ်းနဲ့ပဲ ဖန်တီးထားပါတယ်။

အပြင်မှာ ဖြစ်နိုင်မလားဆိုတာ အရင်တွေးပြီးမှ ရေးတာဖြစ်လို့ ဟာကွက်တချို့ရှိကောင်းရှိနိုင်ပေမယ့် အဓိက ပြောချင်တာကတော့ ဒါတွေအကုန်လုံးက ဖြစ်လေ့ဖြစ်ထ ရှိနိုင်တာလေးတွေကိုပဲ သာမန်ပြထားတဲ့ သာမန် စာအုပ်တစ်အုပ်ပါပဲ။

တကယ်တော့ အပေါ်ကဟာတွေက ဘာမှမဟုတ်ဘူး ဒီတိုင်းပြောနေမိတာ။ဒီတလောမှာ SID နဲ့ ပတ်သတ်ပြီး နည်းနည်း ဝမ်းနည်းနေမိတဲ့ ကိစ္စလေးတွေ ရှိနေခဲ့တာမို့ ဂျီကောင်တွေဆီက တစ်ခုခု လိုချင်လို့လာခဲ့တာပါ။ ထင်မြင်ချက်လေး တစ်ခုခုပေါ့ ပြောပြပေးသွားပါဦး။ ဘာပဲဖြစ်ဖြစ် ရပါတယ် အိကျိလေးကို ချစ်တယ်ဆိုလည်း ရတယ် lol

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now