(အိအိ အပ်ပုဒိတ်မှန်မှန်၊ မြန်မြန်ဆို ယူတို့ ဘာမှမပြောဘူးနော် အေး အပ်ပုဒိတ်လေး ကျဲလာမှ လာဆူရင် တစ်ရွာလုံးကို ပတ်စိတ်ကောက်ပစ်မယ် ကြည့်နေ)
"လင်းယံ ... မင်းမနေ့က ဝတ်တဲ့ ရှပ်လက်ရှည် အဝါကွက်လေးရော Laundry ပို့လိုက်ပြီလား"
"ဟင့်အင်း မပို့ရသေးဘူးမြေ့ တန်းမှာချိတ်ထားတာထင်တယ် ဘာလို့လဲ ဟင်"
"အဲဒါ ရှာပေး မြန်မြန်နော် ဟိုမှာ ကားက စောင့်နေပြီ"
ပုဂံရောက်လက်စနဲ့ ကန်ပက်လက်ဘက်မှာ Scene တစ်ခုလောက် ရိုက်လာပေးပါလို့ Sponser ပေးတဲ့Company ဘက်က ပြောလာတာနဲ့ ရိုက်ကူးရေးမှာ အားယားနေတဲ့ ကျွန်တော်ပဲ သွားဖို့ ဆုံးဖြတ်လိုက်ပြီး တခြားထွက်လို့ရတဲ့ တစ်ယောက်၊နှစ်ယောက်ခေါ်ပြီး သွားဖို့ပြင်ရတယ်။
မနက်စောစောတက်ရင် နေပူသက်သာတာမို့ မနက် လေးနာရီလောက်ထသွားပြီး ညနေပြန်ဆင်းလာရင် အတော်ပဲလေ။ ဒီက ကားတွေကို ခေါ်သွားဖို့ကျတော့လည်း တောင်ပေါ်လမ်းကို မကျွမ်းကျင်မှာစိုးတာနဲ့ နယ်ခံမျိုးဦးကိုပဲ ချောဆွဲထားတာ။ ဒီကောင်က အစောကြီးနိုးတတ်တဲ့ကောင်ဆိုတော့ ၃ နာရီမထိုးခင်ကတည်းက ရောက်လာပြီး ဟောင်ဖွာဟောင်ဖွာလုပ်နေတာနဲ့ လိုတဲ့ဟာ အမြန်ထည့်နေရတယ်။
"မြေ့ ဒီမှာ ရပြီ"
"ပေး ပေး ကျေးဇူးပဲ"
သူကမ်းပေးလာတာနဲ့ ကောက်ဝတ်ပြီး ထွက်ဖို့လုပ်တော့
"အာ ... မြေ့ကလည်း ဝတ်မလို့ရှာခိုင်းတာလား အဲဒါကမလျှော်ရသေးဘူးလေ ညစ်ပတ်နေမှာပေါ့"
"ရတယ် မလိုဘူး မင်းခဏပဲ ဝတ်ထားတာကို"
"ခဏပဲလည်း ညစ်ပတ်မှာပဲ နေပူလို့ ချွေးကထွက်တာနဲ့ ။ နေဦး တစ်မိနစ်ပဲစောင့် အဲဒါနဲ့ဆင်တူ အညိုကွက်လေးရှိတယ်။ မြေ့ကလည်းဗျာ အဲဒါလေး ကြိုက်ရင်ပြောရောပေါ့ ခဏလေး ခဏလေး"
"ဟေ့ကောင် ဒါပဲ ယူမှာလို့ဆိုနေ။ ထားလိုက်တော့ ငါသွားတော့မယ်။ ဟိုကောင်မျိုးဦးလုပ်တာ အကုန်နိုးတော့မယ်"
"မြေ့ကလည်း ညစ်ပတ်ပါတယ်ဆိုနေ လျှော်ပြီးမှ ဝတ်ပါလားလို့ ပြောတာ ..."
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December)
Romanceတစ်ခါတုန်းက ဒီဇင်ဘာမှာ ပိတ်မိနေတဲ့လူတစ်ယောက်ရှိခဲ့ဖူးတယ် ... ။ (Unicode+Zawgyi)