"ကိုညို လုပ်ပါဦး ဟိုမှာ ယုကီနဲ့ လင်းယံနဲ့ တင်းမာနေတယ်"
မနက်စာစားနေတဲ့ ဝိုင်းထဲကို ဝင်ထိုင်ရင်း ကိုထက်က ရယ်ရယ်မောမောနဲ့ ပြောလာတော့ မျက်လုံးတောင်ပြူးသွားရတယ်။ ကြားရတဲ့စကား မှားများမှားရော့သလား။ ညိမ်လင်းယံဆိုတဲ့ကောင်ကလေ ကျွန်တော့်ကိုထိလို့ ထထိုးတာတို့၊ ကောက်ပေါက်တာတို့ကလွဲရင် သူ့ကိုဘယ်လိုထိထိ ဘာတစ်ခွန်းမှ ပြန်မပြောတတ်တဲ့ အအေးအစက်တုံးကိုး။ အထူးသဖြင့် လင်းယံကို ကိုကိုလေးဆိုပြီး ချွဲတတ်လွန်းတဲ့ ယုကီနဲ့ဆို ပိုဆိုးတာပေါ့။ ဘာလိုချင်ချင် ကျွန်တော်ပေးထားတာကလွဲရင် အကုန်ပေးတတ်တဲ့ ကောင်မို့ အံဩနေရတာ။
"ဘယ်လို ... ဘယ်လို ရန်ဖြစ်တာလား"
"မသိပါဘူး ဖျန်ဖြေလို့မရဘူး တိုးတိုးလေးနဲ့ ကြိတ်ပြီးဖြစ်နေကြတာ။ သွားကြည့်ပါဦးဗျာ"
ကိုထက်မျက်နှာက ရယ်ချင်ပက်ကျိအပြုံးကြောင့် စိတ်တော့အေးသွားပေမယ့် သိချင်စိတ်ကို တားမရတာနဲ့ လှမ်းကြည့်တော့ ဟုတ်တယ် မနက်စာယူတဲ့နားမှာ နှစ်ယောက်သား ပန်းကန်ကိုင်ပြီး တိုးတိုးတိတ်တိတ်နဲ့။ မနေသာဘဲ ထထွက်သွားတော့ နှစ်ကောင်လုံး ကိုယ်ရှိန်သတ်သွားတယ်။
"ဘာဖြစ်နေကြတာတုန်း"
"ကိုကြီး ... ကိုကိုလေးက ယုကီကို မချစ်တော့ဘူး သိလား"
ငိုတော့မလို မျက်နှာပေးနဲ့ တန်းတိုင်တော့တဲ့ ယုကီကြောင့် လင်းယံကိုကြည့်တော့လည်း မျက်နှာက မှုန်ကုတ်လို့။
"ဘာလို့လဲ နင့်အစ်ကိုက နင့်ကိုဆို ကာဆီးကာဆီးနဲ့ ဒီလောက် အလိုလိုက်တာကို"
"အေးလေ ... ငါတစ်ချိန်လုံး နင့်ကို အလိုလိုက်နေသားနဲ့ ဒါကျမှ"
လင်းယံက မကျေမနပ်သံနဲ့ ပြောတော့ ရယ်ချင်ရသေးတယ်။ သူ့မှာ တစ်ချိန်လုံး အငယ်ဆုံးလေးဆိုပြီး အလိုလိုက်ခံရသမျှ ယုကီနဲ့မှ အကြီးဖြစ်နေရတာလေ။ ယုကီကို လင်းယံက တကယ်အလိုလိုက်တာပါ။ ကျွန်တော်ကလွဲရင် ဘယ်သူဆူဆူ ရယ်ပြုံးပြီးတော့ စကားလွှဲပေးတတ်သေးတာမျိုးလေ။
"ကဲ ကဲ ဘာဖြစ်တာတုန်းပြော"
"ကိုကိုလေးက ယုကီကို ကြက်ဥ မပေးဘူး"
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December)
Romanceတစ်ခါတုန်းက ဒီဇင်ဘာမှာ ပိတ်မိနေတဲ့လူတစ်ယောက်ရှိခဲ့ဖူးတယ် ... ။ (Unicode+Zawgyi)