ကျေးဇူးတင်ရှိခြင်း

2.5K 335 92
                                    

ဒီဇင်ဘာမှသည်က ၆ လအတွင်း Season တစ်ခုအနေနဲ့ အဆုံးသတ်သွားပါပြီ။ ဟိုးအစကနေ အတူရှိပေးခဲ့သူတွေရော လမ်းတစ်ဝက်ရောက်မှ ရောက်လာပေးခဲ့သူတွေရော၊ ဖတ်ပြီးမှပဲ အကြောင်းကြောင်းကြောင့် ထွက်ခွာသွားသူတွေရော ဘာနေနေ နှိုင်းမြေ့ညို၊ ညိမ်လင်းယံနဲ့ သူတို့ပတ်ဝန်းကျင် အဝန်းဝိုင်းလေးကို ထိတွေ့၊ချစ်ခင်ပေးကြသူအားလုံး တစ်ယောက်ချင်းစီကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

ဒီအောက်ကနေ စပြီး စာအရှည်ကြီးဖြစ်မှာမို့လို့ မဖတ်လည်း ရပါတယ်နော်။

၅ နှစ်နေမှ ပြန်ရောက်လာပြီး ဘယ်သူမှ မဖတ်တောင် ငါ့စိတ်ကူးထဲက ဒီလူတွေကို စာအုပ်တစ်အုပ်အနေနဲ့ မြင်ချင်တယ်လို့ အားခဲပြီး ရေးလာခဲ့ပေမယ့် အကုန်လုံးက ဝိုင်းချစ်ပေးကြလို့ ဂျီကောင်တို့ကို တကယ်ကျေးဇူးတင်ရတာပါ။

အတတ်နိုင်ဆုံး လက်တွေ့ဆန်ချင်လို့ ထောင့်စေ့အောင် ကြိုးစားပြင်ဆင်ခဲ့ပေမယ့် ဟာကွက်တွေရှိနေရင်လည်း အချိန်မရွေးပြောပါ၊ ပြန်ဖြေပေးပါ့မယ်။ ဘယ်လိုပဲ လက်တွေ့ဆန်အောင်လုပ်လုပ် idol ဇာတ်ဖြစ်တဲ့အတွက် စိတ်ကူးယဉ်ဆန်နေတာတော့ သေချာပေါက်ပဲ ဆိုပေမယ့် တတ်နိုင်သမျှ ယုတ္တိတန်အောင် ကြိုးစားပေးထားပါတယ်။

ဥပမာ ညိမ်လင်းယံက အရပ် ၆ ပေ ၃ လောက်ဖြစ်နေရတာကိုပေါ့။ အိုင်ဒေါဖြစ်အောင် ပြင်ပေးရမယ့် ဇာတ်ဖြစ်တာကြောင့် သူ့မျိုးရိုးဗီဇနဲ့ ပတ်သတ်ပြီး ရှင်းပြပေးထားပါတယ်။ ပြီးတော့ သူချောချောမောမောလေး ဖြစ်လာရတာကိုလည်း အချိန်ကို ဒီလောက်ဆိုဖြစ်နိုင်မလားလို့ တွက်ချက်ပြီး အတတ်နိုင်ဆုံး နီးစပ်ဖို့ ကျနော် ပြင်ဆင်ခဲ့တာပါ။

ညိမ်လင်းယံက ကချင်နဲ့နော်ဝေးစပ် ကပြားဖြစ်တာကြောင့် နဂိုကတည်းက ရုပ်ကလေးက ချောပါတယ်။ ပြင်ပြင်ဆင်ဆင်မရှိတာရယ် သွားတွေရယ်ရောကြောင့်သာ ရုပ်ဆိုးလေးလို ဖြစ်ခဲ့ရတာမို့ သေချာပြင်လိုက်တဲ့အခါ ရုပ်ထွက်လာတယ်ဆိုတာမျိုးပေါ့နော်။ အသေးစိတ်လေးတော့ ကြိုးစားခဲ့ပေမယ့် ဟာကွက်တွေ ဖြစ်ခဲ့ရင်လည်း နားလည်ပေးကြပါလို့ တောင်းဆိုပါရစေ။

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now