အပိုင်း နှစ်ဆယ့်နှစ်

3.1K 353 90
                                    

"မြေ့ ရရဲ့လား အဲဒါကြောင့် လေယာဉ်နဲ့သွားပါမယ်ဆိုတာကို အပင်ပန်းခံတယ်ဗျာ"

"ဟေ့ကောင် မင်းပွစိပွစိပြောတာ ရပ်လိုက်ပါတော့။ မင်း ပြောမှ ငါ ပိုပင်ပန်းလာသလိုပဲ"

"မြေ့ကလည်းဗျာ"

"နားငြီးတယ် ဟေ့ကောင်"

ဘေးနားမှာ ခွေခေါက်နေတဲ့ မြေ့ကိုကြည့်ပြီး စိတ်မချမ်းသာတာနဲ့ သက်ပြင်းပဲ ချနေမိတာ ဘယ်နှခါမှန်းမသိတော့ဘူး။

ဒီတစ်ခေါက် Company ဘက်က Program တစ်ခု ရိုက်ဖို့ရှိတာကြောင့် ပုဂံကို ရိုက်ကူးရေးသွားဖို့ ဖြစ်လာတယ်။ ကျွန်တော်အပါအဝင် နောက် မြန်မာတစ်ယောက် ထိုင်းလူမျိုးတစ်ယောက်နဲ့ ဂျပန်တစ်ယောက် ၊ ဖိလစ်ပိုင်တစ်ယောက် စုစုပေါင်း ၅ ယောက် ရိုက်ရမှာ။ ရက်ရှည် ရိုက်ကူးရေးဆိုတော့ ကျွန်တော့်မှာ မြေ့နဲ့အကြာကြီးမတွေ့ရမှာကို စိတ်ပင်ပန်းနေခဲ့ပေမယ့် ကံကြမ္မာကတော့ ပစ်မထားခဲ့ပါဘူး။

ကျွန်တော် မန်နေဂျာ အစ်မက သူ့သားလေး နေမကောင်းတာ ခဏခဏ ဖြစ်နေလို့ ဆေးစစ်ကြည့်တော့ ခွဲစိတ်ရမယ်ဆိုတာနဲ့ ခွင့်ယူထားတာမို့ company ဘက်က မန်နေဂျာ အသစ်တစ်ယောက် ယာယီစီစဉ်ပေးတယ်။ ဒါပေမယ့် ရုတ်တရက် အစိမ်းသက်သက်ကြီး တန်းဝင်ရတာကြောင့် အသားမကျတော့ program ကလည်း အရေးကြီးတဲ့အထဲ ပါတာမို့ company ဘက်က မြေ့ကို အကူအညီတောင်းလိုက်တယ်ထင်တယ်။ မြေ့ကလည်း လက်ရှိမှာ full time အနေနဲ့ အခြေတကျ အလုပ်ဝင်နေတာမရှိတော့ လက်ခံလိုက်ပုံပါပဲ။ အသစ်တစ်ယောက်ကို manage လုပ်ပေးရင်း နေရုံပဲဆိုတော့ ခရီးလည်းထွက်ချင်နေတာနဲ့ အတော်ပဲလို့တော့ ပြောတယ်။

ကျွန်တော်ကတော့ ပျော်တာပေါ့။ မြေ့နဲ့ အလုပ်အတူတူ လုပ်ရတာ ဘယ်လောက် ပျော်ဖို့ကောင်းလိုက်သလဲ။ မြေ့က စည်းကမ်းတင်းကြပ်ပြီး ဆူပူတတ်တယ်ဆိုပေမယ့် ချီးကျူးဖို့လည်း ဝန်မလေးတတ်သူမို့ ကျွန်တော် ကောင်းကောင်းလုပ်ရင် မြေ့ဆီက အမြဲချီးမွှမ်းခံရတယ်လေ။ ပြင်းပြင်းထန်ထန် ဆူငေါက်ပြီးရင်လည်း စိတ်ပြေသွားရင် သူ့ဘာသာ မသိမသာ ပြန်ချော့တတ်သေးတယ်။ သူ့ဘာသာဆူပြီး သူ့ဘာသာပဲ ပြန်လာချော့တဲ့အခါ ကျွန်တော်က ပျော်နေရရော။

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now