အပိုင်း တစ်ဆယ်

3.3K 375 166
                                    

"လင်းယံ ဒီတစ်ခေါက် Cheat Day ကျရင်ဟော့ပေါ့သွားစားရအောင်နော်"

အရွက်ကြော်ကို စိတ်မပါလက်မပါ ပါးစပ်ထဲထိုးသွပ်ရင်း ဘေးနားက လင်းယံကိုလှမ်းပြောလိုက်မိတယ်။

"အစ်ကိုရာ ငြီးငွေ့နေပြီပဲဟာကို ကျွန်တော်နဲ့အတူ လိုက်မစားပါနဲ့တော့လို့ ပြောလည်းမရဘူး"

"မရဘူးလေ အိမ်မှာနှစ်ယောက်တည်းရှိတဲ့ ကိစ္စ မင်းကိုကျ Plan နဲ့ ဒုက္ခခံခိုင်းထားပြီးတော့ ငါကကျတော့ တခြားဟာတွေ စားသောက်နေရင် ဘယ်လိုလုပ်ကောင်းမှာလဲဟ"

"ကောင်းပါတယ်။ ကျနော်က ပြောင်းလဲချင်လို့ Trainer ပြောတဲ့အတိုင်းစားရတာ။ အစ်ကိုက လိုက်အပင်ပန်းခံဖို့ မလိုဘူးလေဗျာ။ နော် အစ်ကိုမကြိုက်တာတွေ မစားနဲ့ ကျွန်တော်ချက်ပေးမယ် တစ်ခုခု"

"နေပါစေကွာ အခုပဲ ၃၊ ၄ လဖြစ်နေပြီကို ဘယ်လောက်မှလဲ မကျန်တော့ပါဘူး။ နောက်ပိုင်း ပုံမှန်ပြန်စားတဲ့အခါကျမှ မင်းက ဒီ Format နဲ့ပဲစား ငါကတော့ နည်းနည်းပဲထိန်းတော့မယ်လေ"

"အင်းပါ ... အစ်ကို ကျွန်တော့်ကြောင့် လိုက်ပင်ပန်းနေရလို့လေ။ မနက်ဆိုလည်း အိပ်ချင်နေသားနဲ့ လိုက်ပြေးနေတာ အိပ်ပါဆို မအိပ်ဘူး"

"ရော် ... ငါပြောတယ်လေ ငါမင်းကို ပြောင်းလဲပေးပါ့မယ်ဆိုပြီး ဒီတိုင်းတော့ ဘယ်လွှတ်ထားချင်ပါ့မလဲ။ ငါက လူတစ်ယောက်ရဲ့ ဘဝကို စိတ်တိုင်းကျခြယ်လှယ်နေတာလေ။ အဲဒီတော့ ငါလည်း ဒုက္ခခံရမှာပေါ့ မဟုတ်ဘူးလား"

လင်းယံက ခေါင်းသာခါယမ်းပြီး သက်ပြင်းချနေတော့ ရယ်ချင်ရသေးတယ်။ ဒီကောင် လူကြီးလိုလို လုပ်နေတာများ။

အခုဆို ၄ လနီးပါးရှိနေပြီဆိုတော့ လင်းယံရဲ့ ကျောကမကိုင်းတော့သလောက်နီးပါးပဲ။ 6 month target ကို ၅ လမပြည့်ခင် ရလောက်တယ်လို့ သူ့ Trainer ကပြောတော့ ကျေနပ်ရတာပေါ့။ Body weight ကလည်း အချိုးအစားမှန်အောင် စားတာရော၊ ဆော့တာရောအပြင် အားကစားလည်း မှန်မှန်လုပ်တော့ ခန္ဓာကိုယ်ပြောင်းလဲမှုကိုက တော်တော်သိသာလာနေပြီ။ လင်းယံက တအားလိမ္မာပြီး စားဆိုစား၊ သွားဆိုသွား တစ်ခွန်းပဲမို့လို့ ဘာမှကို သိပ်မတွန်းရ။

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now