အပိုင်း ဆယ့်ရှစ်

2.8K 369 121
                                    

ပြီးပါပြီ Cut ဆိုတဲ့အသံကြားတာနဲ့ တွေ့တဲ့သူတိုင်းကို မြန်မြန်နှုတ်ဆက်ပြီး တန်းပြေးထွက်လာမိတယ်။ ဒါရိုက်တာကတောင် ပြောယူရတယ် ညိမ်လင်းယံ တက်ကြွနေပါလားဆိုပြီး။ Program မှာ ဆက်တိုက် ပင်ပန်းတာထက်ကို ၃ ရက်ခွဲလောက် မြေ့ကိုမတွေ့ရတာ ပိုပင်ပန်းသလိုပဲ။ ဒီလိုဆိုလို့ တစ်ခါမှ အဲဒီလို မတွေ့ဘဲ မနေဖူးတာလားဆိုတော့လည်း မဟုတ်ရပါဘူး။ တစ်ခါတလေ မြေ့ ခရီးသွားတဲ့အခါ၊ ကျွန်တော်လည်း မြေ့မပါဘဲ သွားရတဲ့အခါ တစ်လလောက် မတွေ့ရတာမျိုးအထိ ရှိဖူးပါတယ်။

ဒါပေမယ့် မတွေ့ရတောင် ကျွန်တော်က အသံဖြစ်ဖြစ် ကြားချင်တော့ ရှာကြံပြီး ဖုန်းဆက်တယ်လေ။ မဟုတ်ရင်လည်း Instagram ကနေဖြစ်ဖြစ် စကားပြောလို့ရနေတော့ ဒီလောက်ကြီးမဟုတ်ဘူးပေါ့။ Company ဘက်က တစ်ခုတော့ ကောင်းတယ် Social acc တွေကိုလည်း မကန့်သတ်ထားဘူး။ လက်မခံနိုင်လောက်စရာမျိုးကျမှသာ တားတာမျိုး ရှိတာ ကျန်တာကို ဝင်မစွက်ဖက်တတ်လို့ လွတ်လပ်တယ်။ Studio ဘက်ကနေ official acc တစ်ခုတော့ လုပ်ပေးထားပြီး အဲဒီတစ်ခုမှာသာ Script အတိုင်းသွားရတာမျိုး။

အဲဒီလိုဆိုတော့ ဘယ်ကနေဖြစ်ဖြစ် ဆက်သွယ်လို့ရနေပြီး အခုက ဆက်တိုက်မတွေ့ရတဲ့အပြင် အသံလည်းမကြားရ ဘာအငွေ့အသက်မှ မရနဲ့။ ပြီးတော့လည်း ကျွန်တော်ရှိတဲ့နေရာကို ခေါ်ထားပြီး တစ်ယောက်တည်း ထားခဲ့ရတာမို့ မြေ့ပျင်းနေတော့မှာပဲ။

(A/N မနေနိုင်လို့ ဝင်ပြောပါရစေ ညိမ်လင်းယံ ငါ့သားလေးရေ ရှင့်ရဲ့မြေ့က မပျင်းတဲ့အပြင် ဘန်ကောက်တစ်ခွင်တောင် လှည့်ပတ်ပျော်ပါးပြီးသွားပါပြီနော်။ ဘန်ကောက်လိုနေရာမှာ သူ့အသိတွေမရှိဘူးလို့ ထင်နေတာလားလို့ မေးလည်းမေးချင်၊ မေးလိုက်ပါပြီ ကိုတော်တော်နဲ့မှဇွတ်ဖြစ်ကလေးရေ)

ထမင်းရော စားရဲ့လားမသိပါဘူး။ မြေ့ ကျွန်တော့်ကို အိမ်ခွဲပေးတုန်းက ဝေ့လည်ကြောင်ပတ်နဲ့ မသွားနိုင်ခဲ့တာတွေထဲမှာလည်း မြေ့ထမင်းမစားရမှာစိုးလို့ပါ။ ဆက်တိုက် ကျွန်တော်ပဲ ချက်ကျွေးနေခဲ့ပြီးတော့မှ အပြင်စာ ပြန်စားရရင် သူ ကြိုက်မှာမဟုတ်ဘူးလေ။ မြေ့က သူမကြိုက်တာဆိုရင် မဖြစ်မနေအချိန်ကလွဲရင် ဂျစ်ကန်ပြီး စားချင်မှ စားတတ်တာကိုး။

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now