အပိုင်း ဆယ့်ငါး

3.2K 358 126
                                    

Company နှစ်ပါတ်လည်ပွဲရောက်တော့မှာမို့ တစ်ရုံးလုံး အလုပ်တွေရှုပ်နေကြတယ်။ တစ်နေကုန် ရုံးခန်းထဲမှာ ဟိုလုပ်၊ ဒီလုပ်နဲ့ အလုပ်ရှုပ်ချင်ယောင်ဆောင်နေတဲ့ ကိုဆက်တောင် မနေရဘူး တကယ်အလုပ်လုပ်နေရလေရဲ့။ ကိုယ်နဲ့အတူ ရုံးခန်းသေးသေးလေးကနေ စ လာလိုက်တာ အခုဆိုမြို့ကြီးတွေဆီမှာ ရုံးခွဲတွေ ဖွင့်နိုင်ရုံတင်မက ဗီယက်နမ်ကိုပါ အခြေချ လှမ်းနိုင်ခဲ့သည်အထိ ဖွံ့ဖြိုးလာတာမို့ ပျော်ရပါတယ်။ ကိုယ့်လက်နဲ့ ဂရုစိုက်ပျိုးထောင်ခဲ့ရတဲ့အရာတိုင်းပေါ်မှာ ဒီလိုရလာဒ်မျိုး ရလာတိုင်း ပီတိဖြစ်ရတာပဲမဟုတ်လား။

ဒါတောင် သက်မဲ့နေရာ တစ်ခုပဲရှိသေးတာ။ ကျွန်တော်ကိုယ်တိုင် စိတ်ကြိုက်ဖန်တီးထားတဲ့ သက်ရှိတစ်ယောက်အနေနဲ့ လင်းယံရှိသေးတယ်။ သူ့ကိုလည်း အများကြီးဖြစ်စေချင်တယ်။ ဖြစ်လာဖို့လည်း အကုန် စီစဉ်ပြီးသားပါ။ လင်းယံက လိမ္မာလွန်းတဲ့ ကလေးမို့ ကျွန်တော့် Plan တွေထဲကနေ တစ်ချက်လေးတောင် လွတ်ထွက်မသွား။ ကျွန်တော်ပြောရင်တစ်ခွန်းပဲဆိုတဲ့ ကောင်လေးမို့လို့ Control မလုပ်နိုင်တော့မှာကိုလည်း မပူရ။ ကျွန်တော်ကတောင် ငါ့ကို အထွန့်လေး ဘာလေးတက်ပါဦးကွလို့ ပြောရတဲ့အထိ ကျွန်တော့်စကားကို နားထောင်လွန်းသူပါ။

Company ရဲ့ နှစ်ပါတ်လည်ပွဲဟာ ရုံးကလူတိုင်း ပျော်တဲ့နေ့ပါ။ ရုံးခွဲတိုင်းက လူတွေအကုန် ဆင်းလာပြီး ရုံးချုပ်မှာဆုံကြတာမို့ လူဆိုတာလည်း မနည်း။ လူငယ်တွေချည်းပဲမို့ တစ်ယောက်နဲ့တစ်ယောက် ရှိန်နေတာမျိုးမရှိဘဲ စိတ်လွတ်ကိုယ်လွတ် ပျော်တတ်ကြတယ်။ ကိုဆက်တို့ကိုယ်တိုင်ကလည်း အဲဒီလိုမျိုး ပျော်စေချင်တာမို့ နှစ်တိုင်းသေချာစီစဉ်ကြတာ။ ပြီးတော့ ရုံးနဲ့မိတ်ဖက် ပါတနာတိုင်းကိုပါ ဖိတ်တာဆိုတော့ ကိုယ့်အင်အားကိုလည်း ပြရာရောက်သလို သူတို့ဘက်က ယုံကြည်မှုကိုပါ အရယူနိုင်တယ်လေ။

Department တိုင်းဟာ ဖျော်ဖြေပွဲတစ်ခုချင်းစီမှာ မပါမဖြစ်ပါရပြီး လူစုံထောင့်စေ့ တစ်ယောက်မကျန် ပါဝင်ဆင်နွှဲရတာမို့ ပွဲမတိုင်မီ အလုပ်တွေအကုန်ဖြတ်ပြီး သူ့အပိုင်းနဲ့သူ လေ့ကျင့်ကြ၊ ပြင်ဆင်ကြနဲ့ အဲဒီရက်တွေမှာ အကုန်လုံးကို လွှတ်ပေးထားတော့တာ။ ရုံးခွဲကလူတွေကလည်း ကြိုရောက်နေကြပြီး ပြင်ဆင်နေကြတာမို့ လူငယ်အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ရှိုးလိုက်၊ ဖွန်ကြောင်လိုက်၊ ပျော်ပါးလိုက်နဲ့ တကယ်ကို ပျော်စရာကောင်းတယ်။ ဖွန်ကြောင်တယ်ဆိုမှ ညိမ်လင်းယံတစ်ယောက်ကို သားတစ်ယောက်မွေးသလို အကုန်လိုက်လုပ်ပေးပြီး ပူပန်နေရတာနဲ့ အီစီကလီမလုပ်ရတာတောင် တော်တော်ကြာသွားပြီ။ ဒင်းတစ်ယောက်နဲ့ကို အချိန်မရှိ။

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now