အပိုင်း လေးဆယ့်သုံး

3.3K 404 109
                                    

"ငါမင်းကို ပိုင်တဲ့အခါ အရင်အကြောင်းတွေကို သတိမရစေချင်ဘူး။ ငါ့ကိုပဲ မှတ်မိပေး၊ ငါ့အထိအတွေ့ကိုပဲ သတိရနေပေး။ ရမလား အဲဒီလို"

မြေ့ကျွန်တော့်ကို အပိုင်သိမ်းလို့ရပါရဲ့သားနဲ့ ဦးစားပေးခဲ့ရတဲ့အကြောင်းရင်းက ကျွန်တော့် စိတ်ဒဏ်ရာတွေကြောင့်ပဲလေ။ အခု သူတောင့်တနေပါရဲ့သားနဲ့တောင် ကျွန်တော်အဆင်ပြေပါ့မလား တွေးပူနေသေးတဲ့မြေ့က သိပ်ချစ်ဖို့ကောင်းတာပဲ။ ကျွန်တော်လည်း မေ့ပစ်ချင်ပြီ။ ဒီစိတ်အနာတွေအကုန်လုံးကို အိပ်မက်ဆိုးတွေအဖြစ်နဲ့တောင် ပြန်သတိမရချင်လောက်အောင် ပစ်ချထားလိုက်ချင်ပါပြီ။

ပြီးတော့ မြေ့ကို ပေးချင်တယ်။ အသက်နဲ့ခန္ဓာကိုယ်ကိုအစအဆုံး အပ်နှင်းပေးချင်ခဲ့တဲ့ တစ်ဦးတည်းသောသူမို့၊ ဘဝမှာ ပထမဆုံးချစ်ခဲ့ရပြီး နောက်ဆုံးထွက်သက်အထိ ချစ်သွားချင်တဲ့ တစ်ယောက်တည်းသော ကျွန်တော့်ရဲ့ ပိုင်ရှင်မို့ ကြည်ကြည်ဖြူဖြူ ပေးချင်တယ်။ မြေ့ပေးလာမယ့် ချစ်ခြင်းမေတ္တာနယ်မြေမှာ ကျွန်တော့် စိတ်နာကျင်မှုတွေ အကုန်ပြေပျောက်ပြီး မြေ့တစ်ယောက်တည်းရဲ့ သိမ်းပိုက်မှုကိုသာ အမှတ်ရနေတော့မယ်ဆိုတာ သေချာသိတယ်။

"အကုန်လုံး တစ်ခုမကျန် ကျွန်တော် မှတ်ထားမှာမို့ မြေ့ဆီက အကုန် လိုချင်တယ်"

ကျွန်တော့်စကားဆုံးတာနဲ့ မြေ့ဆီက အနမ်းတွေ ဖြာကျလာပုံက ပန်းပွင့်တွေ ဖွားခနဲကြွေလာသလိုမျိုး အုံ့အုံ့ဆိုင်းဆိုင်း။ ဘာပဲလှမ်းပြောပြော မြေ့က မမြင်၊ မကြားတော့တဲ့သူတစ်ယောက်လို ကျွန်တော့်ကို အသည်းအမည်းနမ်းနေလိုက်တာ အသက်ကိုတောင် မနည်းလုရှုနေရတဲ့အထိပဲ။

မြေ့အထိအတွေ့တွေကို မခံနိုင်ပါဘူး။ မြေ့ဆီက အနမ်းလေးတစ်ပွင့်ဆိုရင်တောင် တမြတ်တနိုးနဲ့ သိမ်းထားချင်ခဲ့တဲ့ကောင်က ဒီလောက်အထိ အရူးအမူးနမ်းနေမှတော့ ဘယ်လိုခံနိုင်ရည်မျိုးနဲ့ သည်းခံရပါ့မလဲ။

မြေ့က ကျွန်တော့်ကို ဘယ်လိုကျဆုံးအောင်လုပ်မလဲဆိုတာ ကောင်းကောင်းသိတယ်။ ဘယ်လိုမျိုး အရည်ပျော်ကျသွားအောင်လုပ်ရမလဲလို့ ကျွန်တော့်ဘာသာဗေဒကို ကျွမ်းကျင်တဲ့သူမို့ မြေ့ဆီမှာ အကြိမ်ကြိမ် ခွေယိုင်ကျနေရတာပါပဲ။

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now