ကားစီးရလို့ မူးနေတဲ့ကြားထဲက ဖုန်းကို တကြည့်ကြည့်လုပ်နေပေမယ့် လင်းယံဆီကနေ ဝင်ထားတဲ့ စာတစ်စောင်၊ ဖုန်းတစ်ကောလ်မှ မရှိ။
"မနက်ဖြန် ညမှပြန်ရောက်မယ် လင်းယံ" လို့ စာပို့ထားတာကို "ဟုတ်ကဲ့မြေ့ ဂရုစိုက်ပါ" လို့ reply ပြန်ထားတာက နောက်ဆုံးပဲ။ မအားတာများလား၊ ဒါမှမဟုတ် စိတ်ကောက်နေတုန်းလားကွာ။
ဖုန်းကိုကြည့်ပြီး သက်ပြင်းချနေတော့ ဘေးက ကိုဆက်ကရယ်တယ်။
"ဟေ့ကောင်ညိုကြီး ဘာဖြစ်နေတာတုန်း ရုပ်က အိုစာလိုက်တာ"
"ဘာမှမဖြစ်ဘူး မောင်းမှာသာ မောင်း"
"မင်းရုပ်က အပူမိနေတဲ့ရုပ်နဲ့ဆိုတော့ ငါလည်း စိတ်မဖြောင့်ဘူးလေကွာ"
"ဘာမှမဖြစ်ပါဘူးဗျာ ခဏ အိပ်လိုက်ဦးမယ် မူးလာပြီ"
"အေးပါ ... အိပ်လိုက်လေ အခုပဲ ၇ နှနာရီဆိုတော့ နောက် ၃၊ ၄ နာရီဆို ရန်ကုန်ရောက်ပါပြီ"
"ဟုတ် ကိုဆက် အိပ်ဦးမယ် တအားမူးနေလို့"
ဖုန်းဆက်ချင်ပေမယ့် လူကဘယ်လိုမှ မထူနိုင်တော့အောင် မူးနေပြီမို့ ပြန်ရောက်မှပဲ ဆက်ဖို့တွေးလိုက်တယ်။ မနက်ဖြန် ညမှလို့ပြောပေမယ့် ရာသီဥတုက ကောင်းနေတာနဲ့ အလုပ်က စောစောပြီးသွားတာမို့ စောစောပြန်လာလိုက်ကြတာ။
ဒီနေ့နဲ့ဆို ဆယ်ရက်လောက်ရှိရောပေါ့။ ကိုဆက်နဲ့ အလုပ်ရှိလို့ ယင်းမာပင်ဘက်ရောက်နေတာ။ ဧရာလည်းပါတယ်။ ထွက်လာကတည်းက လင်းယံလည်း သိပ်မအားဖြစ်နေတဲ့အပြင် တည်းတဲ့နေရာမှာ ဖုန်းလိုင်းက သိပ်မမိလို့ အဆက်အသွယ်ပြတ်နေသလိုပါပဲ။
"ဟေ့ကောင် ညိုကြိး ထတော့ အိမ်ရောက်ပြီ"
"ဟင် ... အင်း ရောက်ပြီလား"
"ကိုညို အဆင်ပြေရဲ့လား"
ဧရာက မေးတော့ လက်ကာပြရင်း Seat balt ဖြုတ်ပြီး ကားပေါ်ကနေဆင်းလိုက်တယ်။
"ဟော ပြန်လာကြပြီလား နောက်ကျတယ်နော်"
"အေး ဟုတ်ပ မိန်းမရာ။ ကျွဲဆည်ကန်မှာ ကားတွေပိတ်နေလို့ အကြာကြီးပဲ တန်းစီနေရတာ။ မဟုတ်ရင် ရန်ကုန်အဝင် ဒီထက်စောတယ်"
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December)
Romanceတစ်ခါတုန်းက ဒီဇင်ဘာမှာ ပိတ်မိနေတဲ့လူတစ်ယောက်ရှိခဲ့ဖူးတယ် ... ။ (Unicode+Zawgyi)