အပိုင်း လေးဆယ့်လေး

2.8K 391 104
                                    

"အဲဒီတော့ ငါ့သမီးက အောက်ပိုင်းသေသွားနိုင်တယ်ပေါ့ ဟုတ်လား မင်းမင်း"

၃ရက်ဆက်တိုက် တစ်မှေးတောင် မမှေးရသေးလို့ ကျိန်းစပ်နေတဲ့ မျက်လုံးတွေနဲ့ သူ့ရှေ့က မင်းမင်းကို ငေးကြည့်ရင်း မေးလိုက်မိတယ်။ ပူကြူးက ရန်ကုန်ရောက်ရောက်ချင်း ဆေးရုံကြီးမှာ ခဏလေးပဲတစ်ခေါက် သတိပြန်လည်လာပြီး အခုထိ ဘာတု့န်ပြန်မှုမှုမရှိ။ ဆေးရုံကြီးကနေတစ်ဆင့် private ဆေးရုံကို ပေးရွှေ့တော့ မင်းမင်းတို့ဆေးရုံကို တန်းပြောင်းလာခဲ့တာ။

ရောက်လာကတည်းက မင်းမင်းရော၊ မပန်းလင်္ကာပါ အသေးစိတ် ဂရုစိုက်ပေးနေပြီး လတ်တလော အသက်အန္တရာယ်ကနေ ကျော်လိုက်နိုင်ပေမယ့် အခုထိ ICU ထဲမှာပဲ အရေးပေါ်အခြေအနေနဲ့ ရှိနေသေးတယ်။ ဘေးက သွဲ့ကတော့ ရှိုက်ငိုနေပြီ။ နှစ်သိမ့်ပေးဖို့ရာ သူ့ကိုယ်တိုင်မှာလည်း အင်အားနည်းနည်းမှမကျန်။

"ငါလည်း ပြောရတာ စိတ်မကောင်းပါဘူး နှိုင်းမြေ့။ ငါပြောခဲ့သလိုပဲ ဒီမှာခွဲလို့မရနိုင်တာတော့မဟုတ်ပေမယ့် အာမခံနိုင်ဖို့ ရာခိုင်နှုန်းနည်းတယ်။ ဆေးပညာအသုံးအနှုန်းတွေ ငါထည့်မပြောတော့ပါဘူး။ နားလည်လွယ်အောင် ရှင်းပြရမယ်ဆိုရင် တိုက်မိတဲ့နေရာမှာ သွေးကခဲသွားပြီးတော့ ပင်မအာရုံကြောပေါ်မှာ သွားပိတ်နေတာ။ အဲဒါကို ခွဲစိတ်ဖို့အတွက် သွေးကြောမျှင်သေးသေးလေးတွေက ဖယ်ဖို့ကို တော်တော်လေး အန္တရာယ်များနေတယ်။ ပြီးတော့ ခါးရိုးကြောမကြီးကိုပါ သွားထိတာမို့ တကယ်တမ်း သွေးခဲကို ဖယ်လိုက်ပြီးရင်တောင် အောက်ပိုင်းက ပြန်ကောင်းဖို့ အချိန်ယူရလိမ့်မယ်။ ဒါမှမဟုတ် လုံးဝမလှုပ်ရှားနိုင်တော့တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်"

"ငါ ဘာဆက်လုပ်ရမလဲ မင်းမင်း"

"မင်းလုပ်နိုင်တာက ဘန်ကောက်ကို သွားခွဲလို့တော့ ရကောင်းရမယ် နှိုင်းမြေ့။ ဒါမှမဟုတ် ဒီဦးနှောက်နဲ့ အာရုံကြောအတွက် အကောင်းဆုံး ခွဲစိတ်ဖို့နေရာကတော့ အိန္ဒိယပဲ။ ဒါပေမယ့် နှစ်နေရာလုံးအတွက်တော့ ငါ အာမခံနိုင်စွမ်းမရှိဘူး။ အနည်းဆုံးတော့ ဦးနှောက်က သွေးခဲကို ဖယ်လိုက်နိုင်ပြီး အင်း ... အနည်းဆုံးတော့ အသက်တော့ ကယ်လို့ရမှာပဲ"

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now