အပိုင်း သုံးဆယ့်ခြောက်

3.6K 411 90
                                    

လပြည့်ညမဟုတ်ပေမယ့် လက လင်းထိန်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ထင်ထင်ရှားရှားမြင်ရတဲ့အထိ ဖြာကျနေခဲ့တယ်။ အခန်းရဲ့ မှန်တံခါးကနေ မြင်နေရတဲ့ ညရှုခင်းကိုရယ်၊ ဆောင်းလေအေး နုနုလေးတွေ တိုက်လွင့်နေပုံရယ်၊ အခန်းရှေ့တည့်တည့် ညမွှေးပန်းပင်က ပန်းရနံ့ကြည်ကြည်သင်းသင်းရယ်နဲ့ကို ကျွန်တော်တို့နှစ်ယောက် ဘာစကားမှမပြောဘဲ ငေးကြည့်နေမိတာ တော်တော်လေးကြာနေပြီ။

ကုတင်ပေါ်မှာ မြေ့က ပက်လက်အနေအထားနဲ့ လှဲလျောင်းနေခဲ့ပြီး ကျွန်တော့်ကိုတော့ သူ့ရင်ဘတ်ပေါ် မှီအပ်ခိုင်းထားတယ်။ မြေ့ခါးကို ဖက်ပြီး မြေ့ရင်ခွင်ထဲမှာ နှလုံးခုန်သံစည်းချက်ကို နားထောင်နေရတဲ့ ဘဝထက် ကျွန်တော်ပိုပြီး လိုချင်တာမျိုး လုံးဝမရှိတော့ပါဘူး။

ငြိမ်သက်နေရတဲ့ခဏလေးအတွင်းမှာ ကျွန်တော့်အတွေးတွေကတော့ ရှုပ်ယှက်ခတ်လို့ပါပဲ။ မြေ့ကို ကျွန်တော်က အပိုင်ရလိုက်ရတယ်ဆိုတဲ့အသိက အိပ်မက်တစ်ခုလို ဒါမှမဟုတ် စိတ်ကူးယဉ်အဖြစ်အပျက်တစ်ခုလို ဆန်းကြယ်နေဆဲပါ။ ဘယ်တုန်းကမှ မမျှော်လင့်ထားတာတွေကိုပဲ မြေ့က ပေးခဲ့တယ်။ ဒီလောက်အချစ်ခံရဖို့ ထိုက်တန်ပါရဲ့လားလို့ မကြာခဏ တွေးနေမိတော့တာ။ မြေ့က ကျွန်တော့်ကို ပိုပြီးစွဲလမ်းမူးယစ်နေအောင် သိပ်လုပ်တာပါပဲ။

ဆေးလိပ်တအားသောက်တာကြောင့် အညိုဘက်သမ်းချင်နေတဲ့ မြေ့နှုတ်ခမ်းပါးလေးတွေကို လက်နဲ့အသာထိကြည့်လိုက်တော့ ငုံ့ကြည့်ပြီး မျက်ခုံးပင့်ပြတယ် ဘာလဲပေါ့။ ခေါင်းခါပြလိုက်ပြီး မေးဖျားလေးကို ဖွဖွလေး လှမ်းနမ်းတော့ ရယ်တယ်။

"နမ်းရတာကို တော်တော်ကြိုက်နေတယ်ဟုတ်လား ငါ့ရည်းစားလေးက"

"အင်း ... ရည်းစားကိုနမ်းရတာ မကြိုက်တဲ့သူ ရှိလို့လား"

"အောင်မာ ... မသိရင် ရည်းစားအယောက်တစ်ရာလောက် ထားဖူးတဲ့လေသံနဲ့"

"မထားဖူးလည်း သိသာတာပဲကို မဟုတ်ဘူးလား"

"အေးပါ ... တအားတတ်နေ မင်း"

အူယားလာသလိုနဲ့ ကျွန်တော့် ပါးနှစ်ဖက်ကို ဖျစ်ညှစ်ပြီး မြေ့က ရယ်ရယ်မောမော။ မြေ့ အမြဲတမ်း ဒီလို ရယ်မောနေရအောင် လုပ်ပေးချင်လိုက်တာ။

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now