"သားသား ..."
"ဟုတ်ကဲ့ အစ်မ"
"အင်း .... အညိုက ဒါလေး ပြန်ပေးပေးပါတဲ့"
မနွယ်ကမ်းပေးလာတာကို လှမ်းယူလိုက်တော့ ကျွန်တော်ပေးခဲ့တဲ့ ဘဏ်ကတ်။ ထင်ထားပြီးသားပါပဲ။ မြေ့က ဒီတိုင်းတောင် ကျွန်တော့်ပိုက်ဆံကို မသုံးချင်တာ။ ဒီလိုအခြေအနေမျိုးမှာ ပိုတောင်ဆိုးဦးမယ် သုံးမှာမဟုတ်ဘူးလို့ မျှော်လင့်ထားပြီးသား။
"လင်းယံ ... သား အဆင်ပြေရဲ့လား"
ကျွန်တော်ရယ်ပဲရယ်ပြလိုက်တော့ မနွယ်က သက်ပြင်းချရင်း ထွက်သွားပါတော့တယ်။
"လင်းယံ ... audition အတွက် ဘာသီချင်းစဉ်းစားထားလဲ"
Assistant Vocal Trainer ကိုမြတ်က အခန်းထဲဝင်လာပြီး မေးတယ်။
"Way back home တော့ လောလောဆယ်တွေးထားတာပဲ အစ်ကို။ အစပိုင်းကို acapella ပုံစံမျိုးသွားပြီး နောက်မှ ဂစ်တာသံဝင်မလားပေါ့။ English နဲ့ Korea version နှစ်မျိုးဟာဆိုရင် language skill လည်း မြင်ရမယ်ထင်လို့လေ"
"အင်း ... မဆိုးပါဘူး။ chorus အပိုဒ်နောက်က Melody လေးကို လေချွန်သံလုပ်ကြည့်ရင်မိုက်မယ်။ မင်းလေချွန်တတ်လား"
"လေချွန်တတ်ပေမယ့် အဲဒီလိုတော့ မလုပ်ဖူးဘူး၊ လုပ်ကြည့်မယ်လေ အစ်ကို"
"OK ... ဒါဆို အဲဒါ အရင်လျာထားတာပေါ့။ နောက်နှစ်ခုလောက် စဉ်းစားထားဦး။ အကပိုင်းပါပြလို့ရမယ့်ဟာလည်း ကောင်းမယ်။ ဒါပေမယ့် ရပါတယ် အရင်ဆုံး Language and instrument skill ကိုပဲ ပြလိုက်တာ ကောင်းတယ်။ အကုန် စုပြုံမပြဘဲ တစ်ဆင့်ချင်းသွားတာ ပိုကောင်း"
"ဟုတ်ကဲ့ပါ အစ်ကို"
"ဒီရက်ပိုင်းတော့ နားလိုက်ဦး။ သဘက်ခါသွားမှာမဟုတ်လား"
"ဟုတ်ကဲ့ အစ်ကို။ ကျွန်တော် မသွားခင် ရန်ကုန်ခဏပြန်ဦးမယ်"
"အေး ... ဂရုစိုက်"
ကိုမြတ်ထွက်သွားတော့မှ မြေ့ဆီက ဘဏ်ကတ်လေးကို လက်နဲ့ဖွဖွပွတ်သပ်ကြည့်ရင်း ပြုံးမိရတယ်။ မြေ့ ပိုက်ဆံအိတ်ထဲမှာ အကြာကြီးရှိခဲ့မှာပဲ။ ဒီလူ့ဆီက အငွေ့အသက်လေးက ဘယ်တော့ဖြစ်ဖြစ် နွေးမြလို့။
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December)
Romanceတစ်ခါတုန်းက ဒီဇင်ဘာမှာ ပိတ်မိနေတဲ့လူတစ်ယောက်ရှိခဲ့ဖူးတယ် ... ။ (Unicode+Zawgyi)