"ကိုဆက် ကျွန်တော် ခင်ဗျားနဲ့ ပြောစရာရှိတယ် လိုက်ခဲ့"
ကိုဆက်ကို အခန်းထဲက ဆွဲထုတ်ပြီးခေါ်လာတော့ ယက်ကန်ယက်ကန်နဲ့ ပါလာတယ်။
"ညိုကြီး ဟေ့ကောင် ဘာဖြစ်တာ"
"ဘာဖြစ်တာ ဟုတ်လား ခင်ဗျား ဟိုခွေးသားနဲ့ လင်းယံကို ဘာလို့ မိတ်ဆက်ပေးရတာလဲ"
"အာ ... အဲဒါ သူက လင်းယံကိုတွေ့ပြီး လာမေးနေတာမို့ ငါလည်း ပြောပြလိုက်ရတာ"
"မေးတာနဲ့ပဲ ခေါ်မိတ်ဆက်ပေးလိုက်ရရောလား သူ့အကြောင်း ခင်ဗျားမသိလို့လား"
"သိပါတယ်ကွာ ဒါပေမယ့် ဘယ်လိုလုပ်မလဲ ငါ့ဘက်လည်း ကြည့်ဦး ဘယ်လိုငြင်းရမလဲ ညိုကြီးရာ"
"မိတ်ဆက်ပေးပြီးရင် ပြန်ခေါ်သွားလေ ခင်ဗျားက ကလေးကို ထားခဲ့တယ်လေ အဲဒီကောင်နဲ့"
"ငါပြန်လာမလို့ပါ ဟိုဘက်ကလည်း ဘယ်လိုမှ ထထွက်မရတာတဲ့ ကြာသွားတာ ငါလာတော့ မင်းရောက်နေပြီ"
"ခင်ဗျား လက်လွတ်စပါယ်ထားခဲ့စရာလား အဲဒီခွေးသူတောင်းစားက ဘယ်လိုစောက်ကျင့်မကောင်းတာ ခင်ဗျားမသိတာလည်း မဟုတ်ဘဲနဲ့"
"အေးပါ အေးပါကွာ ငါမှားပါတယ် သူလင်းယံကို လက်ကိုင်နေကတည်းက ငါတားဖို့ လုပ်နေတာပါ"
"ဘာ မြင်တယ်ပေါ့ လက်ကိုင်နေတာမြင်သားနဲ့ ထားခဲ့တာပေါ့ ဒီအတိုင်း ခင်ဗျားဗျာ"
"ညိုကြီးရာ ငါတကယ်တောင်းပန်ပါတယ် ငါ့အတွက်လည်း လင်းယံက ညီလေးလိုပါပဲ အခုက ငါလည်း အကြပ်အတည်းဖြစ်သွားလို့ပါ"
"စောက်ပိုတွေ မပြောနဲ့ ခင်ဗျားညီလိုသဘောထားတယ်ဆိုရင် ကလေးကို အဲဒီကောင်နဲ့ စိတ်ချလက်ချထားခဲ့မလား ကိုဆက် ခင်ဗျားဗျာ တကယ်လုပ်ရက်တယ်"
"ငါတကယ်တောင်းပန်တယ်ကွာ နော် ညိုကြီး ငါမှားတာပါ ငါမိတ်မဆက်ပေးသင့်ဘူး သူကအတင်းတောင်းဆိုနေတာနဲ့ မင်းကလည်း ငါ့ကို လင်းယံအတွက်နဲ့တော့ ဒီလောက်မပြောနဲ့လေကွာ"
"ကျွန်တော် ညိမ်လင်းယံကို ဘယ်လိုပျိုးထောင်ခဲ့ရလဲ ခင်ဗျားအသိဆုံးပါ။ ကျွန်တော့်သားတစ်ယောက်လို အရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့ရတာ။ သူ့ရဲ့ စိတ်ဒဏ်ရာတွေအကြောင်း ခင်ဗျားလည်း သိသင့်သလောက် သိထားရဲ့သားနဲ့ ကျွန်တော်အနားမှာ မရှိရင် ခင်ဗျား စောင့်ရှောက်ပေးသင့်တာမဟုတ်ဘူးလား ကိုဆက်"
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December)
Romanceတစ်ခါတုန်းက ဒီဇင်ဘာမှာ ပိတ်မိနေတဲ့လူတစ်ယောက်ရှိခဲ့ဖူးတယ် ... ။ (Unicode+Zawgyi)