What the fuck ... What the fuck... ကြားတဲ့ဘုရားနဲ့ အားတဲ့ဘုရားဆင်းကယ်ပါဦး။ ညိမ်လင်းယံ ဘာလုပ်လိုက်တာ၊ ဟမ် ... သူဘာပြောလိုက်တာ။ အရှိန်တက်နေတဲ့ အမူးတောင်ပြေသွားရပြီး အထိတ်ထိတ်အလန့်အလန့် ငုံ့ကြည့်တော့ လင်းယံက နံရံမှာ လက်တစ်ဖက်ထောက်ပြီး ကျွန်တော့်ပခုံးပေါ်မှာ နဖူးကို ဖိတိုက်ကာ မှီထားခဲ့တယ်။
နေဦး ... နေပါဦး သူငါ့ကို ချစ်တယ်လို့ ပြောလိုက်တာလား။ ချစ်တာက ငါလည်း ချစ်တာပဲလေ။ ညီအစ်ကိုချင်းချစ်တာကို အဲဒီလို ထုတ်ပြောကြလို့လား။ မဟုတ်သေးပါဘူး ပြောတာက ထားပါတော့ ဘာလို့ နမ်းတာလဲ။ ပြီးတော့ နှုတ်ခမ်းကိုလေ ဟမ် ... လင်းယံကလေ။
စက္ကန့်ပိုင်းအတွင်း ခေါင်းထဲတွေးလိုက်မိတဲ့အတွေးတွေ ဖြတ်ပြေးနေပုံက တဖျတ်ဖျတ်နဲ့ မြန်လွန်းလို့ ဘာမှလုပ်လို့မရတော့ဘူး။ ဘာလဲ ... ဘာလဲ ဒီအခြေအနေက ဘာကြီးတုန်းဟ။ အာ ... တကယ်ကြီး ညိမ်လင်းယံ ငါ့ကိုနမ်းလိုက်တာပဲ။
နောက်ဆုံး ကောက်ချက်ချပြီးတာနဲ့ ကြက်သီးထပြီး လန့်သွားတာမို့ နံရံမှာ အိမ်မြောင်လို ကပ်နေရတဲ့ ခန္ဓာကိုယ်က အသိဝင်လာပြီး ရုတ်တရက် တုန့်ပြန်လိုက်မိတယ်။ အဲဒါက နီးကပ်နေတဲ့ ညိမ်လင်းယံရဲ့ ပေါင်ကြားကို ဒူးနဲ့ တိုက်လိုက်မိတာပဲ။
"အ ..."
"အာ sry sry နာသွားလား ငါ ရုတ်တရက်ကြီး လန့်သွားလို့"
ကန်ပြီးတော့မှ လင်းယံက ပေါင်ကြားကို ဖိပြီး ရှုံ့မဲ့သွားတော့ လူကထပ်လန့်သွားပြီး ယောင်ယောင်ကန်းကန်းနဲ့ ကန်လိုက်တဲ့နေရာကို လိုက်ကိုင်မလို့လုပ်နေတော့ လင်းယံက လက်ကာပြီး နောက်ဆုတ်သွားတယ်။ စောက်ပြသနာပဲ နှိုင်းမြေ့ညိုရယ်။
"ရတယ် ရတယ် ဘာမှမဖြစ်ဘူး"
မျက်နှာချင်းဆိုင်ပြီး အသက်ဝဝရှုကာ လင်းယံကို ကြည့်ရတယ်။ ဘာအမူးမှလည်း မရှိနေတော့ပါဘူး။ လင်းယံကတော့ ကျွန်တော့်ကို ခပ်ရွံ့ရွံ့ကြည့်နေတယ်။ လုပ်ချင်တာလုပ်ပြီးမှ အဆူခံဖို့ ပြင်ထားတဲ့ ကလေးတစ်ယောက်ရဲ့ မျက်နှာပေးမျိုးနဲ့ နှုတ်ခမ်းတွေကို အသာဖိကိုက်ပြီး ငေးကြည့်နေခဲ့တာ။
YOU ARE READING
ဒီဇင်ဘာမှသည် (Starting in December)
Romansaတစ်ခါတုန်းက ဒီဇင်ဘာမှာ ပိတ်မိနေတဲ့လူတစ်ယောက်ရှိခဲ့ဖူးတယ် ... ။ (Unicode+Zawgyi)