Special Part for Thingyan

2.6K 327 177
                                    


သင်္ကြန်အကြိုနေ့ ...

"ဪ ကဲ .... ခြောက်ကပ်နေတဲ့ သင်္ကြန်ကိုမမြင်ချင်လို့ အိမ်ပဲပြန်နားချင်ပါတယ်ဆိုမှ ကားကပျက်တယ် ငါ့နှယ်"

"ကိုဒေါသအိုးရယ် စိတ်လျှော့ပါဦး။ မတတ်နိုင်ဘူးပေါ့ ကိုယ်ဆင်းကြည့်လိုက်မယ်"

ခဏကြာတဲ့အထိ ကားကပြင်လို့လည်းမရတာနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်နေမိကြတယ်။

"ပူလိုက်တာဗျာ ... ဘီယာအေးအေးလေး သောက်ချင်လိုက်တာ ကိုကိုရာ"

"ပူလည်းသောက်၊ အေးလည်းသောက်နဲ့ ညီ ... မင်းကတော့လေ"

"ကိုကိုကလည်း ကျွန်တော်သောက်ချင်ရင်တောင် ဒီမှာ ဘာဆိုင်မှ မဖွင့်ဘူး ကြည့်ဦး ရှင်းလင်းနေတာမှ နိုးနိုးမရဲ့ နဖူးလိုပဲ"

"ကလေးကိုကွာ "

ကိုကိုက ရယ်ပြီး ကျွန်တော့်နဖူးကို အသာလှမ်းတောက်တယ်။

"Brother တို့ ကားပျက်နေတာလားဗျ"

မလှမ်းမကမ်းက ပိတ်ထားတဲ့ ဘီယာဆိုင်ထဲကနေ လူတစ်ယောက် ဆေးလိပ်ထွက်သောက်ရာကနေ ကျွန်တော်တို့ ကားကိုဟိုပြင်၊ ဒီနှိုက်လုပ်နေတာကို မြင်ပြီး လာမေးတယ်။

"ဟုတ်တယ်ဗျ။ အင်ဂျင်ကတော်တော်ပူနေတာ"

"နေကလည်း ပူတာကိုး။ အခုချိန် ဝပ်ရှော့ခေါ်ဖို့လည်း ခက်မယ်ထင်တယ်"

"ဟုတ်တယ် ငါ့ညီ ကိုယ်တို့ခေါ်ကြည့်သေးတယ် ဆိုင်ပိတ်တယ် နေမှာ"

ကိုကိုက ဝင်ပြောတော့ အဲဒီလူက ခေါင်းတညိတ်ညိတ်။ လူပုံကြည့်ရတာတော့ လူရည်သန့်ကလေးပါ။ အေးအေးဆေးဆေး ဖြစ်ဟန်တူတာမို့ စကားလက်ခံပြောနေလိုက်တာ။

"အပြင်မှာ တအားပူနေတာဆိုတော့ ဆိုင်ထဲ လိုက်ဝင်ထိုင်ပါလား။ ဆိုင်ကတော့ ပိတ်ထားတယ် ဒါပေမယ့် ကျွန်တော်တို့တော့ အထဲမှာသောက်နေတာမို့ လိုက်ခဲ့ကြပါလား"

ဘီယာသောက်ရကံကြုံတော့လည်း ပိတ်ထားတဲ့ ဘီယာဆိုင်ကနေတောင် အဖိတ်ခေါ်ခံရတယ်လို့။ ကျွန်တော့် မျက်နှာကို ကြည့်ပြီး ကိုကိုက သိနေတယ်နော် လူဆိုးကောင်ဆိုတဲ့ ပုံနဲ့ ကြည့်နေတာမို့ ခေါင်းကုပ်ရင်း ဟီးခနဲ ရယ်ပြလိုက်မိတယ်။

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now