အပိုင်း သုံးဆယ့်သုံး

3.2K 362 55
                                    

နိုးလာတော့ ဘေးမှာ မြေ့ကမရှိဘူး။ မြေ့ရင်ခွင်ထဲမှာ အိပ်ရင်အိပ်၊ မဟုတ်ရင် ကျွန်တော့်ရင်ခွင်ထဲ မြေ့ကို ထည့်သိပ်နေကျမို့ ရနေကျ အနွေးဓါတ်လေး မရှိတော့တာနဲ့ နိုးလာတော့တာပဲ။ ဖုန်းကိုယူကြည့်တော့ မနက် ၅ နာရီခွဲ။ ညတုန်းက အစောကြီး အိပ်ပျော်သွားတာပဲ။ မြေ့အလုပ်လုပ်တဲ့နား သွားကပ်မှီနေရင်း အိပ်သွားခဲ့တာလေ။ ပုခုံးပေါ်အိပ်ပျော်နေတဲ့ ကျွန်တော့်ကို ခေါင်းအုံးပေါ်ရွှေ့ပေးပြီး ချော့သိပ်တာလည်း သိလိုက်တယ် 

မြေ့ဘယ်ရောက်သွားတာပါလိမ့်။အိမ်သာ၊ ရေချိုးခန်းနဲ့ တစ်အိမ်လုံးမှာရှိတဲ့ အခန်းအားလုံးရှာပြီးတော့လည်း မရှိ။ ဘယ်များသွားတာလဲလို့ စိတ်ပူပြီး အကုန်လိုက်လျှောက်ကြည့်တော့ ဖုန်းလည်းကျန်ခဲ့တယ်၊ အိမ်နေရင်းစီးတဲ့ ဖိနပ်တစ်ရံလည်း ပျောက်နေတာဆိုတော့ ဒီနား၊ ဟိုနား သွားတယ်ထင်တယ်။ ဘယ်သွားတာများဖြစ်မလဲ ဒီလောက် အအိပ်ကြိုက်တဲ့ မြေ့က အစောကြီး ဘယ်ထသွားတာလဲကွာ။

အိပ်ချင်မူးတူးနဲ့ပဲ အခန်းဝကိုထွက်ကြည့်မလို့လုပ်တုန်း မြေ့က ပြန်ဝင်လာတယ်။

"မြေ့ ... ဘယ်သွားနေတာလဲဗျာ"

"ဟော အစောကြီး နိုးလာတာပဲ။ ဒီမှာလေ နွားနို့သွားဝယ်နေတာ အဲဒီဆိုင်က စစ်တယ်၊ မလိုင်လည်းကျတယ် စောစောသွားမှ မီမယ်ဆိုလို့ သွားဝယ်နေတာ"

"မြေ့သောက်ချင်လို့လား ... ကျွန်တော့်ကို နှိုးရောပေါ့ဗျာ။ ကျွန်တော် သွားဝယ်ပေးမှာပေါ့"

"ငါမသောက်ပါဘူးနော်။ ဘယ်ကလေးမှန်းမသိ နွားနို့အသေကြိုက်တာဆိုတော့ သူ့အတွက်သွားဝယ်ပေးနေတာလေ"

မြေ့က ခပ်ပြုံးပြုံးပြောရင်း ကျွန်တော့်ဆံပင်တွေကို ထိုးဖွကာ မီးဖိုချောင်ထဲဝင်သွားတော့ အနောက်က ထပ်ချပ်မကွာ လိုက်နေမိတယ်။

"ကျွန်တော့်အတွက်လား ဟုတ်လား မြေ့"

နွားနို့အထုပ်ကို အိုးထဲလှယ်ထည့်နေတဲ့ မြေ့ကို နောက်ကနေ သိုင်းဖက်ရင်း သူ့ပခုံးမှာ ခေါင်းမှီကပ်ကာ မေးတော့ ပါးချင်းအပ်ပြီး ပြန်ဖြေတယ်။

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now