အပိုင်း သုံးဆယ့်ခုနှစ်

3.2K 462 73
                                    

"အေး နှင်းအိမ ပြော"

"ကိုညို ဖုန်းပြောလို့ရလား အားလားဟင်"

"အေး ... အားတယ် အိမ်မှာပဲ ပြော"

"အကူညီတောင်းချင်လို့ အကြံလေး ပေးပါဦး"

"အေး ဘာလဲ ယောကျာ်းယူတော့မလို့လား ယူလိုက်"

"အာ ... ဒီကိုညိုကတော့"

နှစ်ယောက်လုံး နားရက်မို့ အိမ်မှာ ရုပ်ရှင်ကြည့်နေကြတုန်း နှင်းအိ ဖုန်းဝင်လာတာကြောင့် ကိုင်လိုက်တယ်။ နှင်းအိကို စ နေတဲ့ အသံကြောင့် လင်းယံက မော့ကြည့်ပြီး ရယ်နေသေးတာ။ ဒီကောင်တွေကို မစရတာ ကြာလှရှိပြီပဲ။ တစ်ခါတစ်ခါတော့လည်း အုပ်လိုက်ကြီး ဗရုတ်ကျခဲ့ရတာတွေကို လွမ်းသားပဲ။ အဲဒီအုပ်လိုက်ကြီးထဲ ဘုမသိဘမသိ လင်းယံတောင်ပါသေးတာပဲလို့တွေးလိုက်တော့ ရယ်ချင်လာတယ်။ သူ့ခမျာ အစ်ကိုတွေ၊ အစ်မတွေဆွဲခေါ်တိုင်း ကန့်လန့်လေး ပါပါလာတာ။

ကိုယ်တွေအဖွဲ့က ကက်ကက်လန် စွာစိတွေနဲ့ပဲ ဖွဲ့ထားသလား အောက်မေ့ရအောင် အကုန်လုံးက ပက်ခနဲပက်ခနဲ ပြောတတ်ကြလွန်းလို့ တစ်ရုံးလုံးရဲ့ အော့ကြောလန်တွေလေ။ ဆတ်ဆတ်ထိမခံ စွာတတ်ကြတဲ့နည်းတူ အလုပ်ကိုလည်း သေသေချာချာလုပ်တတ်တာမို့ သိပ်တော့မထိရဲကြ။ အဲဒီလို ဖြစ်အောင်လည်း စနစ်တကျ မွေးမြူပေးထားတာလေ။ လူတွေ ကိုယ့်ကိုလက်ညိုးလာမထိုးနိုင်ဖို့အတွက်ဆို ကိုယ်တိုင်ကလည်း ပြည့်ဝပြီး လုံလောက်တဲ့ ဉာဏ်ပညာနဲ့ သိစိတ်ရယ်၊ ကိုယ်ပိုင်အရည်အချင်းရယ် လိုသေးတယ်။

ကိုယ်တိုင်က ဘာကောင်မှမဟုတ်ဘဲ စွာစိနေလို့လည်း မဖြစ်သလို ပြည့်စုံမျှတတဲ့ အရည်အသွေးကိုလည်း လက်လွတ်စပါယ်မထိပါးနိုင်ကြအောင် သေချာ Train ပေးထားခဲ့တာ။ ဒါပေမယ့် ပင်ပန်းရကျိုးနပ်တယ်လို့ ပြောရမလား။

သူ့ကလေးတွေ အကုန်လုံးက တော်တာနဲ့အမျှ ထက်မြက်ကြသလို အမှားကိုလည်း ဝန်ခံဖို့ ဝန်မလေးကြတဲ့သူတွေဖြစ်လာကြလို့။ လိုချင်တာလည်း အဲဒါပဲလေ။ လူတွဟာ မှားယွင်းခွင့်ရှိတယ်။ အမှားကနေတစ်ဆင့် သင်ကြားဖို့လည်း အခွင့်အရေးရှိတယ်။ အဲဒီလိုပဲ ကိုယ့်အမှားကိုလည်း လက်ခံနိုင်ပြီး ဝန်ခံနိုင်တယ်ဆိုတာ လူတစ်ယောက်ရဲ့ အကောင်းဆုံးအပိုင်းပဲလို့ ယူဆတယ်။

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now