အပိုင်းသုံး

3.9K 443 130
                                    

" ဟဲလို ကိုညို"

" မင်းမင်း ဟိုကောင် သက်ကို ဘယ်မှာလဲ။ ဖုန်းလည်းမကိုင်ဘူး"

" သက်ကို တိုင်ပတ်နေတာ ကိုညို။ ခုန စက်ကကျသွားတာ ပြန်ဖွင့်လို့မရတော့ဘူး"

" အေး ကောင်းရော။ mood book က Drive ပေါ် ခုထိမရောက်သေးလို့။ ဒီကောင့်ကို ပေးလိုက် မင်းမင်းရာ။ ဒီမှာ အကုန်စုံနေပြီကို"

" ဟုတ် ကိုညို"

" အေး သက်ကို mood book မရောက်သေးလို့။ ဒီမှာ ရှုတင်က စတော့မှာ။ influencer က ၃ နာရီပဲ အချိန်ရတာမို့ အမြန်လုပ်ရမှာကို ပြောနေပြီကွ"

" ဟိုဟာ ... ကိုညို"

" အေး ဘာဖြစ်ပြန်ပြီလဲ ပြော"

" ကျွန်တော် မ save လိုက်မိဘူး။ စက်က ကျသွားတာ ခုထိ ပြန်မတက်ဘူး"

" Shit ... သောက်ပြသနာပဲ။ မင်း drive ပေါ်မှာ လုပ်တာမဟုတ်ဘူးလားကွာ"

" မဟုတ်ဘူး ကျွန်တော့်စက်က ဖောင့်မမှန်တာနဲ့ အပြင်ကဖိုင်နဲ့ လုပ်ပြီးမှ ပြန်တင်မယ်ဆိုပြီး"

" အဲဒါကြောင့် မင်းကိုငါ ၃ ရက်လောက်ကတည်းက ကြိုပေးလို့ပြောထားသားနဲ့။ မင်းတို့ကောင်တွေ deadline fighter ဘာညာတွေလျှောက်ပြော။ အခုငါက ဘယ်လိုလုပ်ရမလဲ။ ဒီတစ်ခေါက်ရိုက်ရမယ့်သူက A list ကွ။ ပြောရခက်ပါမယ်ဆိုနေ။ ငါတကယ်ပါပဲ မင်းတို့တွေကို"

"တောင်းပန်ပါတယ် ကိုညိုရာ ကျွန်တော်လည်း ဒီကြားထဲ ခရီးသွားလိုက်မိလို့ပါ။ ကျွန်တော့်အမှားပါ"

" အေး ... ငါလည်း မပြောချင်တော့ဘူး ပြန်လာမှတွေ့မယ် မင်းနဲ့ငါနဲ့။ အခုက အကုန်ခွင့်ယူထားတာနဲ့ ဘယ်သူမှမပါလာဘူး။ အသစ်နဲ့ငါနဲ့ နှစ်ယောက်တိုင်ပတ်တော့မယ်။ ချီးပဲကွာ မင်းတို့တွေ ဒါပဲဟေ့ကောင်။ ပြန်လာရင် သေဖို့ပြင်ထား"

ရှုတင်ထဲကို တစ်ချက်လှည့်ကြည့်တော့ အကုန်အဆင်သင့်ဖြစ်နေပြီ။ influrancer က နည်းနည်းဆို သူတို့မန်နေဂျာတွေက ပိုပိုလုပ်ပြတတ်လို့ ကိုယ့်ဘက်က ပြောစရာမဖြစ်အောင် ကြိုပြင်ထားတတ်ပါရဲ့သားနဲ့ ဒီတစ်ခေါက်လေး ခရီးက ပြန်လာလို့ လွတ်သွားတာ ပြသနာ တန်းတက်ဖြစ်အောင် တက်တယ်။ ကောင်းတယ် နှိုင်းမြေ့ညိုရေ သိပ်ကောင်းတာပဲ။

ဒီဇင်ဘာမှသည် (Starting in December)Where stories live. Discover now