အပိုင်း(၃၄၉) ငါက သာမန်လူတစ်ယောက်ပါ

48 6 0
                                    

ကျိုးရီက လူလတ်ပိုင်းအရွယ် အမျိုးသား သူ၏ လွှသွားဓားရှည်ကို လေထဲတွင် အဆက်မပြတ် ဝှေ့ယမ်းနေသည်ကို ကြည့်ရှုနေသည်။

"ညီနောင်.. ညီနောင်အာ ဘာတွေဖြစ်နေတာလဲ"

ဝမ်မင် ပြုံးလိုက်သည်။

"တကယ်တော့ ဦးနှောက်တွက်ဆခြင်း နည်းစနစ်ရဲ့ အနှစ်သာရ အစစ်အမှန်က စိတ်ပိုင်းဆိုင်ရာ ဖြစ်နိုင်ခြေတွေကို တွက်ချက်ရုံတင် မဟုတ်ဘူး.. အစွမ်းထက်ဆုံး အ​ခြေအနေမှာ တစ်စုံတစ်ဦးကို စိတ်အာရုံထဲ ဆွဲသွင်းပြီး ကြိုက်သလို လုပ်လို့ရတယ်"

"တကယ်တော့ သူသတ်ခဲ့တဲ့လူက ငါ့စိတ်အာရုံထဲမှာ ရှိတဲ့ ကော်ပီတွေထဲက တစ်ခုပါပဲ"

ထိုစကားကိုကြားလျှင် ကျိုးရီ အံ့သြသွားသည်။

ဤနည်းစနစ်ကို ဤအတိုင်းအတာ အထိ အမှန်တကယ် အသုံးချနိုင်သူ ရှိနေမည်ဟု သူ မထင်ခဲ့ပေ။

ယင်းက ဝမ်မင်၏ ဦးနှောက် မည်မျှအထိ ကြောက်စရာကောင်းမှန်း သက်သေပြနေသည်။

ညီနောင်အာက ငယ်ငယ်ရွယ်ရွယ်နှင့် ဤအင်္ကျီအဖြူကို အဘယ်ကြောင့် ၀တ်ဆင်ခွင့် ရရှိခဲ့ကြောင်းကို နောက်ဆုံးတွင် ကျိုးရီ သိလိုက်ရသည်။

"အခု သူ့ကို ဘယ်လိုကိုင်တွယ်မလဲ"

ကျိုးရီက အရူးတစ်ယောက်လို လေကို ပိုင်းဖြတ်နေသည့် သက်လတ်ပိုင်းအရွယ် ရုပ်ဆိုးဆိုးလူအား စိုက်ကြည့်ရင်း ဝမ်မင်ကို မေးလိုက်သည်။

ထိုလူက စိတ်ဝိညာဉ် အခြေတည် အဆင့်တွင် ရှိနေသည်။

ဝမ်မင်၏ ဦးနှောက်တွက်ဆခြင်း နည်းစနစ်ဖြင့် ထိုလူကို ပိတ်ထားခဲ့သော်လည်း မည်သို့ ဆက်လုပ်ရမည်ကို ကျိုးရီ မသိခဲ့ပေ။

ဤအခြေအနေတွင် သူက နောက်ကျောကနေ အလစ်ဝင်ရောက် တိုက်ခိုက်နိုင်သော်လည်း ရွှေအမြူတေအဆင့် ကျင့်ကြံသူအနေဖြင့်  စိတ်ဝိညာဥ်အ​ခြေတည်အဆင့် ကျင်ကြံသူ၏ ခန္ဓာကိုယ်ကို ထိခိုက်အောင်လုပ်ရန် သူ့အတွက် အကန့်အသတ် ရှိနေသည်။

ထို့အပြင် သူတို့က ဦးနှောက်တွက်ဆခြင်း နည်းစနစ်ကို အချိန်အကြာကြီး အသုံးပြု၍မရချေ။

အင်မော်တယ်ဘုရင်ရဲ့နေ့စဥ်ဘဝWhere stories live. Discover now