Chapter 1

4.1K 161 21
                                    

ချယ်ရီတွေ ဝေပြန်ပြီ။

ပန်းသွေးရောင်ကြွယ်စွာနဲ့ ဝေဝေဆာဆာပွင့်လန်းနေကြတဲ့ ချယ်ရီပင်အိုကြီးကိူ ငေးကြည့်ရင်း တနှစ်ကုန်လွန်သွားပြန်ပြီ။

*ချယ်ရီတွေပွင့်ပြန်ပြီ အမ်မလီရေ....နင်အဆင်ပြေရဲ့လား....*

ပြူတင်းတံခါးကိုဖြတ်လို့ လေအဝှေ့မှာ တိုးဝင်လာတဲ့ ချယ်ရီနံ့သင်းသင်းလေးကြောင့် မဆီမဆိုင်အမ်မလီကို သတိရသွားမိသည်။

ငါးနှစ်ဆိုတဲ့အချိန်ကာလတခုမှာ နင်က နိုင်ငံခြားမှာ ပညာတေွသင်ပြီး အမြင့်ဆုံးကို လွတ်လပ်စွာပျံသန်းနေခဲ့ပေမဲ့ အိမ်ထောင်ဆိုတဲ့နွံ့ထဲမှာ ငါကကန့်သတ်ခြားနားခဲ့ရပြီ.....။

အိမ်ထောင်ဆိုတဲ့စကားလေးနှစ်ခွန်းက ဘဝဆိုတဲ့စာလူံး၂ခုကို ချုပ်နှောင်ထားတယ်လို့များပြောရင် နင်ရယ်လေမလား အမ်မလီရယ်...။

ငယ်စဉ်ထဲက သွက်လက်ထက်မြတ်တဲ့ အမ်မလီနဲ့ ရိုးရိုးအေးအေးနေထိုင်ကာ စကားနည်းတဲ့ သူနဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြတော့ လူအကုန်အံ့ဩကြသည်။စပ်စလူးနဲ့တည်ငြိမ်သူဆိုပေမဲ့ သူတို့က တကယ်ခင်မင်ခဲ့ကြတာ....။

အချိန်တန်ရင် ရည်းစားတွေဖြစ်ကြမယ်လို့ ထင်ကြေးတွေပေးကြတာသူတို့မိဘတွေအပါအဝင်ပင်။ဒါပေမဲ့ အဖြူစင်ဆူံးသောသံယောဇဉ်တွေနဲ့သာ ချစ်ခင်ခဲ့ကြတာ သူတို့ကိုယ်တိုင်သာအသိဆူံး။

စိတ်ပင်ပန်းစရာတွေသိပ်များနေတဲ့ အိမ်ထောင်ရေးထဲမှာ နင်ဆုတောင်ပေးခဲ့သလို "ပျော်ရွှင်ပါစေ ရိပေါ်...."ဆိုတဲ့ ဆုကိုငါမရခဲ့ဘူး....။အပေါင်းဖော်ဆိုလို့ နင်တယောက်ထဲဘဲရှိတဲ့ ငါ့အတွက် နင်ကသာရင်ဖွင့်တိုင်ပင်ဖော်ပါ။

မျိုးတူယောက်ျားတယောက်နဲ့ တည်ဆောက်ထားတဲ့ သာယာခြင်းကင်းတဲ့အိမ်‌ေထာင်သည်ဘဝအ‌ေကြာင်း ငါရင်ဖွင့်ပြောပြရင် "နင်ကရိုးတာကို ရိပေါ်ရဲ့...."လို့များ အရင်လိုပြောလေမလား....နင်ပြောခဲ့သလို ရိုးတာထက် ငါက အူတူတူ အတတယောက်ျားတ‌ယောက်ဖြစ်နေခဲ့တာကို....။

"ပါပါး....."

ချယိရီပင်ကြီးကို ငေးကြည့်ရင်းမှ သားရဲ့ခေါ်သံကြောင့် ဝမ်ရိပေါ်နောက်လှည့်ကြည့်လိုက်ပြီး

NightMareWhere stories live. Discover now