"အဲ့ဒါ ဘာလုပ်နေတာလဲ ဝမ်ရိပေါ်...."
သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားတဲ့ ရှောင်းကျန့်က အခန်းဝမှာပေါ်လာတာမို့ ရိပေါ်လှည့်ကြည့်လိုက်ရင်း
"ဘာလုပ်လို့လဲ...."
"ကျစ်....ငါမနက်စာမစားရသေးဘူးလေ....မင်းကဘာလို့ကျန်ခဲ့တာလဲ တခါထဲလိုက်မလာဘဲနဲ့...."
ရိပေါ်စိတ်ပျက်မိသည်။အောက်မှာရိေပါ်ကိုယ်တိုင် အကုန်ပြင်ဆင်ထားပေးခဲ့ပြီးသား....အသင့်ထိုင်စားရုံ....။မနက်အိပ်ယာထမှစကာ တနေကုန်သူဘာလုပ်လုပ် ရိပေါ်မပါလျှင် မပြီးအောင်ထိ တွယ်ကပ်ခိုင်းစေတက်သည်။
"မသိဘူးလေ...ခင်ဗျားက အပြင်သွားမှာဆိုတော့ မစားဘူးထင်လို့ပေါ့...."
လက်ထဲ ကိုင်ထားသမျှကို ပြန်ချထားလိုက်ပြီး ရိပေါ်ထွက်လာတော့
"အပိုတွေမပြောနဲ့ ငါမနက်စာမစားဘဲ ဘယ်တုန်းကသွားဖူးလို့လဲ...ဘာလဲ ခုနကငါပြောလိုက်လို့ ရင်ခံသွားတာလား...."
ရှောငိးကျန့်စကားကို ရိပေါ်ခေါင်းခါပြလိုက်ရင်း
"မဟုတ်ပါဘူး...စားပွဲပေါ်မှာ အကုန်ပြင်ဆင်ထားပြီးသား....အုပ်ဆောင်းဖွင့်စားရုံပဲ.....ကော်ဖီတခုဘဲ ထည့်သောက်ရမှာ...."
"မင်းလိုက်လုပ်ပေးတော့ ဘာဖြစ်သွားမှာမိူ့လဲ....အမြဲတမ်းလုပ်ပေးနေကျကို ဒီနေ့မှလာဆန်းနေတာလား ဝမ်ရိပေါ်....."
ပြိုင်မပြောချင်ပေမဲ့လဲ သူမေးရင်ဖြေ...သူပြောရင် ပြောမှ ကြိုက်သည်တဲ့။မဖြေမပြောဘဲ ပါးစပ်ပိတ်နေခဲ့လျှင်
" ငါကတယောက်ထဲမေးလိုက်ပြောလိုက်နဲ့ အရူးလား..." ဟုပုခုံးကနေဆွဲကိုင် လှုပ်ရမ်းမေးရင်း တောက်ခေါက်ခါးထောက်နဲ့ သူ့ဒေါသနဲ့သူတော့ အချိုးကျလိူ့။
"မဆန်းပါဘူး.....ခင်ဗျားမြင်ရင် သားက ဘာမှမမေးမပြောပေမဲ့ ကျနော့်ကို တွေ့ရင် ဂျီကျတော့မှာ.....သူမေးတာကို ရှောင်ဖို့ ကျနော်ခနနေခဲ့တာ....."
ဒီတခါတော့ ရှောင်းကျန့်နဲနဲငိုင်သွားရသည်။သားနဲ့သူက နဲနဲအနေဝေးသည်။မချစ်တာမဟုတ်ပေမဲ့ တယုတယတော့မနေခဲ့။သားရော ရိပေါ်ရော သူလိုလေးသရွေ့မရှိပြည့်စုံအောင်ထားပေးခဲ့သည်။