သူတို့အိမ်ထောင်ရေးကထိုသို့ပင်။မနေ့ညကစကားအချေအတင်ပြောဖြစ်ကြပေမဲ့ မနက်လင်းတော့ ညဘာမှမဖြစ်ခဲ့ကြသလို။
ချစ်လွန်းလို့နားလည်မှုတွေရှိနေကြတာမျိုးမဟုတ်ပေ။ထိုလူနဲ့ဖက်ပြိုင်ပြောရမှာ မောလို့ ရိပေါ်အသံတိတ်နေကာ ဥပေက္ခာပြုထားခြင်းသက်သက်သာ။
အခုလဲ companyသွားခါနီး ရှောင်းကျန့်ကို အင်္ကျီကူဝတ်ပေးရင်း ကြယ်သီးတပ်ပေးနေတဲ့ ရိပေါ်ကို ကြည့်နေတဲ့ရှောင်းကျန့်ပုံစံကတခုခုပြောချင်နေသလို။
"တီ...တီ...တီ...."
တိတ်ဆိတ်နေတဲ့အခန်းထဲ ဖုန်းသံက ရုတ်တရက်ဆူညံလာတာမို့ ရိပေါ်ဖုန်းသွားကိုင်လိုက်သည်။တစ်ရာ့တစ်ယောက်မြောက်သော သူ့အလှလေးတွေဆီကဖြစ်မှာပေါ့....။
"Hello...."
"သား....သားမားမားဆေးရုံတင်ထားရတယ်...."
မထင်မှတ်ထားသောဖခင်ဖြစ်သူဆီမှ မမျှော်လင့်ထားတဲ့စကားကြားလ်ုက်ရသည်မို့ ရိပေါ်ရှော့ခ်ဖြစ်သွားရသည်။
"ဗျာ.....ဘယ်လိုဖြစ်တာလဲ ပါပါးရယ်....."
မှန်တင်ခုံရှေ့ ရှောင်းကျန့်ခေါင်းဘီးနေရာမှ ရိပေါ်ရဲ့အထိတ်တလန့်န်ုင်လွန်းလှတဲ့အသံကြောင့် လှည့်လိုက်မိ၏။
"နှလုံးအမောဖောက်လာလို့ ....**ဆေးရုံမှာတင်ထားရတယ်...."
"သား...သားလာခဲ့မယ် ပါပါး...."
တဖက်ကဖုန်းချသွားပေမဲ့ ဖုန်းကိုကိုင်ကာတွေတွေလေးရပ်နေတဲ့ ရိပေါ်ကြောင့်
"ဘယ်သူဆက်တာလဲ...ဘာဖြစ်လို့လဲ ရိပေါ်...."
ရှောင်းကျန့်ရိပေါ်ရှေ့ထိရောက်အောင်သွားပြီး မေးလိုက်တော့ မျက်ရည်ကြည်တို့ပြည့်ဝိုင်းနေတဲ့မျက်ဝန်းညိုလေးတွေနဲ့မော့ကြည့်ကာ
"မာမား...အင့်....မာမား နှလုံးအမောဖောက်လာလို့ ဆေးရုံတင်ထားရတယ်တဲ့ ဟင့်....."
သူ့ရှေ့မှာ ဘယ်တုန်းကမှ မျက်ရည်မကျဖူးတဲ့ရိပေါ်က အခုတော့ ကလေးငယ်များပမာ ရှိုက်ကြီးတငင်နဲ့ငိုချလာသည်မို့ သနားလာရကာ ရင်ခွင်ထဲဆွဲဖက်ထားရင်း ကျောပြင်ကို ခပ်ဖွဖွပုတ်လို့ နှစ်သိမ့်ပေးမိသည်။