ရိပေါ်ကြည်ဖြူသည်ဖြစ်စေ မကြည်ဖြူသည်ဖြစ်စေ သူ့ဆန္ဒကိုရအောင်သာ အမြဲယူသွားတက်သည်။ခုတင်ဘေးမှာ ကျနေတဲ့ ကိုယ့်အင်္ကျီကို ပြန်ကောက်ဝတ်ရင်း ရိပေါ်သူ့ကို ကျောခိုင်းကာ ပြန်လှဲချမိတော့
"အာ့...."
ခါးသိမ်သိမ်လေးကနေ ပြန်လည်ဆွဲယူကာ ရင်ခွင်ထဲဆွဲသွင်းလိုက်တာမို့ ခုနကသူကြမ်းတမ်းထားခြင်းကြောင့် ရိပေါ်နာကြင်သွားရပေမဲ့ သူကတော့ အိပ်စက်နေသည်။
ပြောလိုက်ရင် ရန်မခုန်ဘူး အာရုံမလာဘူးနဲ့ အခန်းခွဲအိပ်မယ်ပြောတော့လဲ လက်မခံ.....ကလေးအနားမှာ ရှိလို့လဲ အနေထိုင်ဆင်ခြင်ရမှန်းမသိ.....အဲ့လိုဇွတ်တရွတ်အနိုင်ယူတာတွေကြောင့် သားကို အခန်းခွဲသိပ်ရသည်။
အိမ်ထောင်တခုတည်ဆောက်ထားပြီး ဒီစိတ်ရှိရင် လာ၊စိတ်မရှိရင် ခွာဆိုတဲ့အချိုးမျိုးနဲ့ သားသမီးလဲ နားမလည်....ပြောလိုက်ရင် မင်းတို့သားအဖ ဘာပူစရာရှိလဲ...ဆန်တစေ့ထွက်ရှာရသလား...အခန့်သားထိုင်စားရုံပဲဆိုတဲ့စကားလူံးတွေနဲ့ ပစ်ပေါက်တက်သည်။
တခါမဟုတ်နှစ်ခါမဟုတ် ထိုသို့ပြောလာတော့ ရိပေါ်အလုပ်လုပ်မယ်ဆိုတော့လဲ လက်မခံ။
*မင်းတာဝန်က ငါအနားမှာရှိနေရင် ငါ့အတွက်ပဲဖြစ်ရမယ်...ဘယ်အလုပ်မှ လုပ်စရာအကြောင်းမရှိဘူး....အပြင်ထွကိချင်လို့ ဉာဏ်ဆင်နေရင် မင်းက ကာမပိုင်လင်ယောက်ျားရှိတဲ့ ကလေးအဖေဆိုတာ မမေ့နဲ့....*
တရားကျဖို့ကောင်းပါတယ် ရှောင်းကျန့်ရယ်။ခင်ဗျားအပြင်မှာပွေရှုပ်နေတာတွေကို ငါမသိကျိုးနွံ့ပြုထားတာ ငါသည်းခံနေတာက ငါ့သားအတွက်...။မိဘအစုံရှိနေရက်နဲ့ မိတကွဲဖတကွဲနဲ့ မကြီးပြင်းစေချင်လို့ ငါ့သားအတွက် မင်းဘာပြောပြော ငါငြိမ်နေခဲ့တာ....။
အကြောင်းပြချက်ပေးတယ်ထင်မှာဆိုးလိူ့ မိဘအိမ်တောင် ကိစ္စမရှိဘဲ မသွားဖြစ်အောင်ထိ ရိပေါ်သည်းခံနေထိုင်ခဲ့တာအားလူံးက သားလေးအတွက်သာ။
✨✨✨✨✨✨✨
"ဟိုကောင်ပြန်မရောက်သေးဘူးမလား...."
ရောက်ရောက်ခြင်း ရိပေါ်ကိုဘဲ မြင်တာကြောင့် ရှောင်းချန်လင် ဆိုဖာပေါ်ထိုင်ရင်း မေးလိုက်မိသည်။