"ရိပေါ်...."
"ဟော သားမက်ရှောင်း....ပြန်လာတာစောလှပါလားကွဲ့....."
မုန့်ထုတ်လေးကိုင်ကာ အခန်းထဲဝင်လာတဲ့ သားမက်ဖြစ်သူကို ကျောက်မိန်လှမ်းနှုတ်ဆက်လိုက်တော့
"ဪ မာမားရောက်နေတာလား.....ဟုတ်တယ် မာမားသားက နေသိပ်မကောင်းလို့ meetingပြီးပြီးချင်း ပြန်လာလိုက်တာ...."
ယောက္ခမကြီးကို ဟန်မပျက်ပြန်နှုတ်ဆက်ရင်း ရိပေါ်မျက်နှာလေးကို လှမ်းကြည့်လိုက်မိသည်။ငိုထားလို့ နှာသီးဖျားလေးတွေပင် ရဲဆွေးနေဆဲမို့ ရှောင်းကျန့်ရဲ့ ရင်ထဲသာပို၍သာ စိတ်မကောင်းဖြစ်ရသည်။
"အေးကွယ်....သားငယ် ဖုန်းလှမ်းဆက်ပြီး ပြောလို့ ရောက်လာတာ....ဂုဏ်ယူပါတယ် သားမက်ရှောင်း...."
ပြုံးရွှင်ကာ ဂုဏ်ပြုစကားဆိုလာတဲ့ ယောက္ခမကြီးကြောင့် ရှောင်းကျန့် မနေတက်စွာ ဂုတ်ပိုးကို ပွတ်ရင်း
"ရိပေါ်ကို ကျေးဇူးတင်ရမှာပဲ မာမားရေ....သူ့ကြောင့်သာ ကျနော်မိသားစုဘဝလေးပိုင်ဆိုင်ခွင့်ရခဲ့တာ....."
မျက်နှာနွမ်းနွမ်းလေးနဲ့ သူတို့ပြောနေသမျှကို ထိုင်ကြည့်နေတဲ့ ရိပေါ်လက်ကလေးတဖက်ကို အုပ်ကိုင်ထားပြီး
"ဘာစားပြီးပြီလဲ....သက်သာရဲ့လား....ကိုယ်ချောကလက်ကိတ်ဝယ်လာခဲ့တယ်....စားလိုက်မလား...."
"မစားချင်သေးဘူး....သက်သာပါတယ်....မနက်ကလဲ့မေ့ မုန့်ယူလာခဲ့တာ စားထားတယ်...."
"အင်းပါ.....မာမား ညနေစာပါတခါထဲစားသွားလေ....အေးဆေးမှ ကျနော်ပြန်လိုက်ပို့ပေးမယ်....."
တဆက်ထဲ ဝမ်မားဘက်ကိုလှည့်ကြည့်ရင်း ရှောင်းကျန့်ပြောလိုက်တော့
"နေနေ သားမက်ရှောင်း....မာမား ကားခေါ်ထားပြီးပြီ...."
"ဟုတ်လား....နောက်ရက်မှ ကျနော်တို့လဲ အမားမားတို့ဆီ အလည်လာခဲ့ပါဦးမယ်.....ပါပါးလဲ ပြောလိုက်ဦး မြေးတိုးပြီလို့...."
"ရှောင်းကျန့်....."
သူ့အပြောကြောင့် ရိပေါ်မျက်နှာလေးရဲကာ ခပ်တိုးတိုးအော်လိုက်မိသည်။ဘယ်နှယ့် သားဗိုက်ကြီးတာ ဖအေကို ပြောရမယ်လိူ့ အရှက်မရှိလိုက်တဲ့လူ။