"ဘာဖြစ်လို့လဲ ဖေဖေ....နေမကောင်းဘူးလားဟင်....."
ရှောင်းချန်လင်ဆီရောက်သွားတော့ ရယ်ရယ်မောမောဖြင့် ဧည့်သည်တယောက်နဲ့စကားပြောနေပေမဲ့လဲ စိတ်ပူတာကြောင့် ရိပေါ်မေးမိတော့
"နေကောင်းပါတယ် သားငယ်ရဲ့....ဖေဖေသားကို ပြောစရာလေးရှိလို့ခေါ်လိုက်တာပါ...."
"မသိပါဘူး ဖေဖေရယ်....မနက်အစောကြီး ဖုန်းဆက်ပြီး အိမ်လာခိုင်းနေတော့ ကျနော်ကစိတ်ပူသွားတာ....နေများမကောင်းလို့လားဆိုပြီး....ရှောင်းကျန့်ကိုတောင်မစောင့်ဘဲ ပြေးလာတာ...."
ရိပေါ်ရဲ့စိတ်ပူမှုကို ရှောင်းချန်လင်သဘောအကျကြီးကျသွားရကာ ဂုဏ်ယူသောအပြုံးတပွင့်ဖြင့် ဧည့်သည်ဦးလေးကိုကြည့်ရင်း
"အဲ့ဒါသာ ကြည့်တော့ Mr.ပိုင်ရေ.....အလိမ္မာအိမ်ပါ အချောအလှလေးကို သားမက်တော်ထားရတာ ကျုပ်ကံကောင်းတယ်ဗျို့....ဟား ဟား...."
ယောက္ခဖြစ်သူမှ ချီးမွမ်းနေတာကြောင့် ရိပေါ်မနေတက်စွာဖြင့်
"ဖေဖေကလဲ...." ဟုသာ ခေါင်းငုံ့ရင်း ခပ်တိုးတိုးဆိုလိုက်မိသည်။
"သားငယ်ကို မိတ်ဆက်ပေးရဦးမယ်...ဒါဖေဖေနဲ့ လုပ်ငန်းတွေအတူလုပ်ကိုင်ကြတဲ့ ဖေဖေ့မိတ်ဆွေ Mr.ပိုင်လီတဲ့....Mr.ပိုင်....ဒါကျနော့်သားမက်လေး ရှောင်းရိပေါ်လေ...."
လူကြီးဖြစ်သူက တလေးတစားနဲ့ မိတ်ဆက်ပေးလာတာမို့ ရိပေါ်ပြုံးပြမိရင်း အလိုက်အထိုက်နှုတ်ဆက်လိုက်ရသည်။
"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် အန်ကယ်လ်...."
"အေးကွယ်....အန်ကယ်လ်လဲ တွေ့ရတာဝမ်းသာပါတယ်...."
"ဒါနဲ့ ဖေဖေ ကျနော့်ကိုခေါ်တာက ဘာများလဲ...."
ရှောင်းချန်လင်နဲ့ Mr.ပိုင်လီတို့ တယောက်မျက်နှာတယောက်ကြည့်လိုက်ပြီးမှ ရိပေါ်ဘက်ကိုလှည့်ကာ
"Mr.ပိုင်နဲ့ ဖေဖေက အခု fashion companyတခု စပ်တူထောင်ထားတယ်သားရဲ့...."
"ဟုတ်ကဲ့...."
ရှောင်းချန်လင်စကားပြောနေရင်းမှ ရိပေါ်စိတ်ဝင်စားမှုရှိမရှိကို အကဲခတ်လိုက်တော့ ရိပေါ်က စိတ်ဝင်တစားနဲ့ နားထောင်နေသည်မို့