"ဒီက Mr.ရှောင်းရိပေါ်မလား...."
"ဟင်...."
စကားသံနဲ့အတူ အရက်နံ့ကပါ ထောင်းခနဲ။ထူးလိုက်တာမျိုးမဟုတ်ဘဲ အံ့ဩစိတ်နဲ့မော့ကြည့်မိတော့
"တယောက်ထဲ ထိုင်နေရတာ မပျင်းဘူးလား....အတူကရအောင်လေ....."
ထိုလူ့စကားကြောင့် ရိပေါ်မျက်ခုံးတွေ တွန့်ချိုးသွားရကာ သဘောမကျကြောင်း မျက်နှာလေးထပ် ပေါ်လွင်နေရသည်။
"Sorry...ကျနော်ဝါသနာမပါလို့....."
ပါတီဆိုတဲ့အတ်ုင်း ဟိုလူနဲ့ဒီလူ ဒီလူနဲ့ဟိုလူ....ကိုယ့် ဇနီး ခင်ပွန်းမဟုတ်သော်ငြားလဲ ရောထွေးယှက်တင် ပွတ်သီးပွတ်သက်နဲ့ ကနေကြတာတွေမို့ ရိပေါ်စိတ်ကုန်မိသည်။
ဒါကိုအဆင့်တန်းမှီတဲ့ယဉ်ကျေးမှုဟု သတ်မှတ်နေသူများထဲ ရိပေါ်မပါဝင်ပေ။ထို့ကြောင့် ခေတ်နောက်ကျသည်ဆိုရင်လဲ ကြေကြေနပ်နပ်ကြီး နောက်ကျ ကျန်နေခဲ့မည်သာ။
"ဟား ခါလှချေလား...."
မနှစ်မြို့သည့် အရိပ်အငွေ့တွေ ဖြတ်ပြေးသွားတဲ့ ရိပေါ်မျက်နှာပေါ်က အခြင်းအရာတချို့ကြောင့် ထိုလူက ဟားခနဲရယ်ကာ ရှေ့မှာဝင်ထိုင်လိုက်သည်။
"အားလူံးက ဒီလိုနေရာမျိုးမှာ လန်းနေကြတာလေ.....မင်းယောက်ျားဆို ပွဲတိုင်းကျော်ပေါ့....."
"ဟင်...."
ရိပေါ်မျက်နှာနွေးခနဲဖြစ်သွားရ၏။ထိုလူ့ကို ခပ်စူးစူးပြန်ကြည့်မိတော့ တဟားဟားအော်ရယ်လာသည်။
"ဟား ဟား....."
ထိုလူက ရှောင်းကျန့်ကိုလဲ သိထားပုံရကာ ရယ်သံက ရိုးသားမှုမပါဟု ရိပေါ်အလိုလိုခံစားမိသည်။
"မင်းကို ထားခဲ့ပြီး ဟိုမှာ ဒွန့်ဖို့ပြင်နေတာ တွေ့လား....အဲ့ဒါကိုယ့်ဇနီးလောင်းလေ...."
လက်ညိုးညွှန်ပြရာကို ရိပေါ်လှည့်ကြည့်မိတော့ မိန်းကလေးတယောက်နဲ့ ဝိုင်ခွက်ချင်းတိုက်ကာ ရယ်မောပြောဆိုနေတဲ့ ရှောင်းကျန့်။
ရိပေါ်ရင်ထဲ သို့လောအတွေးများနဲ့ ရှက်မိရကာ အရှေ့ကထိုလူကိုလဲ မျက်နှာပူမိသည်။ဘယ်နှယ့် ကိုယ်နဲ့လက်ထပ်မဲ့ မိန်းမတယောက်က တခြားလူနဲ့ တွဲခုတ်နေတာကို လက်ပိုက်ကြည့်နေသည်ကိုလဲ အံ့ဩမိပြီး ရိပေါ်လိုက်မမှီတော့ပေ။