"ဟိုတယောက်ရော...."
"မီးဖိုခန်းထဲမှာရှိပါတယ် သခင်လေး...."
လဲ့မေ့ကိုမေးနေတဲ့ ရှောင်းကျန့်အသံကြား၍ ရိပေါ်အံ့ဩသွားရကာ ဘာရယ်မဟုတ် လက်ကနာရီကို ငုံ့ကြည့်မိတော့ ၃နာရီတိတိကို ညွှန်ပြနေသည်။စောစောစီးစီးပြန်လာပါလား....။
သူ့ကိစ္စရှိလို့ ပြန်လာတာဖြစ်မှာဟု တွေးရင်း ရိပေါ်ဝယ်လာတဲ့ အိမ်သုံးပစ္စည်းများကို နေရာတကျ ထားသိုနေလိုက်သည်။
"မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ....."
မီးဖိုးခန်းထဲထိ ဝင်လာကာ ရိပေါ်အနားထိရောက်လာတဲ့ ရှောင်းကျန့်ကို ရိပေါ်ဘာမှပြန်မဖြေဘဲ မော့ကြည့်လိုက်တော့
"မင်းကိုမေးနေတာကြားသလား ဝမ်ရိပေါ်...အပြင်ကိုဘာသွားလုပ်တာလဲ....."
ရှောင်းကျန့်မေးတာကို ပြန်မဖြေဘဲ လုပ်လက်စ အလုပ်တွေကို ပြီးအောင် ရေခဲသေတ္တာထည့်သိမ်းလိုက်ပြီးမှ မတ်တပ်ထရပ်လိုက်ရင်း
"ဘာဖြစ်လို့လဲ...."
"မင်းငါ့ကို ပြန်မမေးနဲ့ ငါမေးတာဘဲ ဖြေ....မင်းဒီနေ့ဘယ်သွားပြီး ဘာလုပ်ခဲ့တာလဲ...."
ဒေါသတကြီးနဲ့ ထပ်မေးလာတဲ့ ရှောင်းကျန့်ပုံစံက တခုခုကို အတိအကျသိထားသလိုပုံစံမျိုးနဲ့မို့ ရိပေါ်မျက်ခုံးလေးတွေစုကျုံ့သွားရသည်။
"ဘယ်မှမသွားဘူး....Shoppingထွက်တာလေ...."
"ဘာကိုShoppingထွက်တာလဲ....ဟိုဒေါက်တာမနဲ့ အပြင်သွားတာမဟုတ်ဘူးလား....."
ဒေါက်တာမဆိုတဲ့ အသူံးပါလာတာကြောင့် ရိပေါ်မျက်နှာလေး တမျိုးဖြစ်သွားရကာ
"ဪ...အမ်မလီကိုပြောတာလား....ဟုတ်တယ်လေ ကျနော် shoppingထွက်ရင်း သူနဲ့တွေ့လို့....အဲ့ဒါကဘာဖြစ်လို့လဲ....."
မထုံတက်သေးမျက်နှာလေးနဲ့ ပြန်မေးခွန်းထုတ်နေတဲ့ ရိပေါ်က သူပြောစရာရှိတာပြောပြီး လှည့်ထွက်ဖို့ အလုပ်
"သွားလို့မရသေးဘူး...."
ရိပေါ်ကိုလက်ကနေ ဖိဆုပ်ကိုင်ထားကာ သူနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် တပတ်ဆွဲလှည့်လိုက်ပြီး