"မင်းကိုငါ အလုပ်အကြောင်းမေးနေတာမဟုတ်ဘူး ဝမ်ရိပေါ်....အဲ့ဒီဆေးကဒ်အကြောင်းမေးနေတာ...."
ပြောပြောဆိုရင် ထိုင်နေတဲ့ရိပေါ်ရင်ခွင်ထဲပစ်ကျလာတဲ့ ဆေးကဒ်လေးကို ကောက်ယူကြည့်လိုက်မိတော့ ဪဟု စိတ်ထဲမှ မြည်တမ်းမိသည်။
ထိုအခါမှ ရှောင်းကျန့်ဘာကိုပြောချင်နေမှန်း ရိပေါ်နားလည်သွားသည်မို့
"ဘာဖြစ်လို့လဲ....အဲ့ဆေးသောက်တာက ကျနော့်ကိစ္စပါ....ကျနော့်အကြောင်းကိုဘယ်တုန်းက စိတ်ဝင်စားတက်သွားတာလဲ...."
မထုံတက်သေးမျက်နှာနဲ့ ပြန်မေးလာတဲ့ ရိပေါ်ကြောင့် အကြီးအကျယ်စိတ်တိုသွားရသူက ရှောင်းကျန့်သာ။
"ပြန်မမေးနဲ့....ဘာလို့လဲပဲ ဖြေ...."
"နောက်ထပ်ကလေးမလိုချင်လို့လေ....ရှိတဲ့တယောက်တောင် ခင်ဗျားကမကြည်ဖြူတာ နောက်ထပ်ရောက်လာမဲ့ ကလေးကို သားလိုမခံစားစေချင်လို့...."
"ဘာကွ....မင်း...."
ရှောင်းကျန့်ရဲ့ဒေါသတကြီးအော်ဟစ်သံက ရိပေါ်တို့အခန်းအတွင်း ဟိန်းခနဲ။ရိုက်ချင်လဲရိုက်ပါစေဆိုသည့်စိတ်နဲ့ ဂရုမစိုက်စွာဘဲ ရိပေါ်ပြန်ပြောလိုက်မိသည်။
"ဟုတ်တယ်လေ....သားကိုယ်ဝန်လွယ်ရတုန်းက ခါးခါးသီးဖြစ်ပြခဲ့တာ ဘယ်သူလဲ....ခင်ဗျားရဲ့လွတ်လပ်မှုတွေကို ကလေးနဲ့ချုပ်နှောင်ပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖျက်ချခိုင်းခဲ့တာရော ဘယ်သူလဲ....အဲ့ဒါကြောင့် ဆေးသုံးပြီး ကာကွယ်ထားတာ ဘာထူးဆန်းနေလို့လဲ....ခင်ဗျားအကြိုက်ပဲ မဟုတ်ဘူးလား....."
ရိပေါ်ပြန်လာလာချင်း အခန်းထဲကနေ ထိုင်စောင့်ကာ ပြဿနာရှာသည်။ခုတင်ပေါ်မှာ ချွတ်တင်ထားတဲ့ ဂျာကင်ကြောင့် အပြင်သွားမှာလား အပြင်ကပြန်လာတာလားတော့မသိ။သေချာတာက ရန်ဖြစ်ဖို့စောင့်နေခြင်းသာ။
"ဘယ်နှယ့်လဲ"ဆိုတဲ့ မျက်ဝန်းတွေနဲ့ ခနဲ့တဲ့တဲ့မော့ကြည့်လာတဲ့ ရိပေါ် မျက်လူံးတွေကို ရှောင်းကျန့် တန်ပြန်စိုက်ကြည့်ရင်း နှုတ်ခမ်းစွန်းတဖက်က မြှင့်တက်သွားရပြီး
"ဟွင်း....ဘာလဲ ဝမ်ရိပေါ်က အဲ့စကားတွေကို ရင်ခံနေခဲ့တာလား...."